သတင်းများအရ ဂရစ်ဇ်မန်းကို ခေါ်ယူရန် မန်ယူအသင်း ပုဂ္ဂိုရေးဆိုင်ရာ သဘောတူညီမှု ရရှိ

သတင်းများအရ ဂရစ်ဇ်မန်းကို ခေါ်ယူရန် မန်ယူအသင်း ပုဂ္ဂိုရေးဆိုင်ရာ သဘောတူညီမှု ရရှိ
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာယူနိုက်တက်ဟာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခေါ်ယူရန်အတွက် ပုဂ္ဂိုရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

မန်ယူအသင်းက တစ်ပတ်လုပ်ခပေါင် (၂၈၀,၀၀၀) နဲ့ ( ၅) နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုရန်အတွက် ကမ်းလှမ်းမှုကို အက်သလက်တီကို တိုက်စစ်မှူးဘက်မှ လက်ခံခဲ့တယ်လို့ The Sun က ဆိုပါတယ်။

မန်ယူအသင်းဟာ ဂရစ်ဇ်မန်းရဲ့ ပြောင်းရွှေ့ကြေးအဖြစ် ပေါင် (၈၉) သန်းအပြင် လစာငွေနှင့် အပိုဆုကြေးငွေများအတွက် စုစုပေါင်းကုန်ကျစရိတ်မှာ ပေါင်သန်း (၁၇၀)အထိရှိမှာဖြစ်တယ်လို့ သိရပါတယ်။

နည်းပြမော်ရင်ဟိုဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နိုင်ဖို့ အသင်းကို ပြန်လည်ပြင်ဆင်လိုနေတာကြောင့် အသက် ၂၆ နှစ်အရွယ် ပြင်သစ်ကစားသမားမှာ ၎င်းခေါ်ယူလိုတဲ့ အဓိက နံပါတ် ၁ ပစ်မှတ်ဖြစ်နေပါတယ်။

ယခုခေါ်ယူမှုဟာ မေလအကုန်မှာ ဖွင့်လှစ်မယ့် အပြောင်းအရွှေ့မှာ ဖြစ်လာဖွယ်ရှိပြီး မန်ယူနည်းပြ မော်ရင်ဟိုအနေနဲ့ ဂရစ်ဇ်မန်းကို ဇူလိုင်လမှာ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်လာဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

မန်ယူအသင်းသာ လာမယ့်ရာသီရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပါက ဂရစ်ဇ်မန်းကို ခေါ်ယူရန် သဘောတူညီမှု ရရှိလိမ့်မယ်လို့ ပြီးခဲ့တဲ့လကတည်းက The Sun က ကြိုတင်ထုတ်ဖော်ရေးသားခဲ့တယ်လို့ ဆိုထားပါတယ်။

ဂရစ်ဇ်မန်းဟာ မန်ယူအသင်းနဲ့ သဘောတူစာချုပ်ချုပ်ဖြစ်ပါက ပြီးခဲ့တဲ့ နှစ်က အလားတူစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၈၉) သန်းနဲ့ပင် မန်ယူအသင်းထံ ရောက်ရှိလာတဲ့ နိုင်ငံတူအသင်းဖော် ပေါလ်ပေါ့ဘာထက် တစ်ပတ်လုပ်ခ ပေါင် (၆၀၀၀၀) ပိုမိုရရှိမှာဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းဟာ မန်ယူနဲ့ ၎င်းတို့ရဲ့ကစားသမားကြား အပြောင်းအရွှေ့ခေါ်ယူရေး တိုးတက်မှုတွေကို သိရှိထားတာကြောင့် ဂရစ်ဇ်မန်းနေရာမှာ အာဆင်နယ်တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်နှင့် လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တို့ကို အစားထိုးခေါ်ယူရန် ပစ်မှတ်ထားနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly