မကွေးတိုင်းရန်ပုံငွေ ပျောက်ဆုံးမှုမှ ပထမဆုံး ကျပ် သိန်း ၃၀၀၀ ပြန်ရရှိ

မကွေးတိုင်းရန်ပုံငွေ ပျောက်ဆုံးမှုမှ ပထမဆုံး ကျပ် သိန်း ၃၀၀၀ ပြန်ရရှိ

မကွေး၊ မေ ၄ ။            ။ မကွေးတိုင်းဒေသကြီး ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းရှင်များမှ ထည့်ဝင်လှူဒါန်းခဲ့သော ရန်ပုံငွေများမှ ကျပ်သိန်းသုံးထောင်အား ယနေ့ မေ ၄ ရက်နေ့ နေ့လည် ၁ နာရီခန့်က မကွေးတိုင်းဒေသကြီး အစိုးရသို့ လာရောက်ပေးအပ်နှံခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ဒီနေ့ နေ့လည် ၁နာရီခန့်က ယခင်မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေကနေ ကိုယ်စားလှယ် ခန့်အပ်ထားတဲ့ ဦးကြည်ထွန်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ MD ထဲကို မြန်မာ့စီးပွားရေးဘဏ်မှ တဆင့် လွှဲအပ်ခဲ့ပါတယ်၊ သူတို့ အပ်မယ့်အခါတိုင်း ဖုန်နဲ့ဆက်သွယ်ပြောပါတယ်” ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထူးထူးဝေက မဇ္ဈိမသို့ ပြောသည်။

မကွေးတိုင်းကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသို့ လှူဒါန်းခဲ့သည်ဆိုသော မော်တော်ယာဉ် (၄)စီး၊ Wheel Loader (၁)စီး၊ ပဲ့ထောင်ရေယာဉ်(၂)စီးတို့အား  ဧပြီလ ၃၀ ရက် ညနေပိုင်းအချိန်ခန့်က လက်ရှိ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပြန်လည်လွှဲအပ်ပေးခဲ့ပြီးဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ငွေကျပ် ၁.၅၇ ဘီလီယံကျော်အနက် သိန်း၅၀၀၀ ကျပ်အား ပထမအရစ်အနေဖြင့် မေလ ပထမပတ်တွင် လည်းကောင်း ပြန်အပ်မည်ဖြစ်ရာယနေ့ ကျပ်သိန်းသုံးထောင် လွှဲအပ်ခြင်းဖြစ်သည်။

“မနက်ဖြန်ကိုလည်း သိန်းငါးထောင် ထပ်လွှဲမယ်လို့ ဦးကြည်ထွန်းက ပြောပါတယ် ။ သူတို့ပေးထားတဲ့ ကတိအတိုင်းမေလ ပထမအပတ် ဒီနေ့ ကျပ်သိန်းသုံးထောင်လွှဲတယ် ။ မနက်ဖြန်ထပ်လွှဲမယ်ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တိုင်းဒေသကြီး အလုပ်သမား လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန ဝန်ကြီးဦးနေမျိုးကျော်က မဇ္ဈိမသို့ ပြောသည်။

ကျန်ရှိငွေများမှာ လုပ်ငန်းလုပ်ကိုင်ထားသည့်အတွက် ပြန်လည်ကောက်ခံပြီး ဇူလိုင်လ တတိယပတ်တွင် လည်းကောင်း ပြန်လည်ပေးသွင်းသွားမည်ဖြစ်ကြောင်း ဦးဘုန်းမော်ရွှေမှ အကြောင်းပြန်စာပေးပို့ ကတိပြုထားကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံမှ သိရသည်။

မကွေတိုင်းဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၇ ဘီလီယံ ပျောက်ဆုံးနေခြင်းဖြစ်ပြီး  ယခု ကျပ် သိန်း ၃၀၀၀ ရရှိခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly