ဒေါ်အောင်ဆန်းစုကြည်နှင့် ပုပ်ရဟန်းမင်းကြီးတို့ တွေ့ဆုံအပြီး ဗာတီကန် စီးတီးနှင့် မြန်မာတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ဖို့ သဘောတူ

ဒေါ်အောင်ဆန်းစုကြည်နှင့် ပုပ်ရဟန်းမင်းကြီးတို့ တွေ့ဆုံအပြီး ဗာတီကန် စီးတီးနှင့် မြန်မာတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ဖို့ သဘောတူ

မေ ၄ ။            ။ အီတလီနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

 အဲဒီလို တွေ့ဆုံအပြီးမှာပဲ မြန်မာနိုင်ငံနဲ့ ဗာတီကန် စီးတီး တို့အကြား သံတမန် ဆက်ဆံရေး ထူထောင်ဖို့ သဘောတူညီချက်တစ်ခုလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

ပုပ်ရဟန်းမင်းကြီး ရုံးစိုက်ရာ ဗာတီကန်စီးတီး ဟာဆိုရင် ရောမမြို့တွင်းမှာ ရှိတာဖြစ်ပြီး ကမ္ဘာ့အသေးဆုံး နိုင်ငံအဖြစ်လည်း သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

ဗာတီကန်စီးတီးရဲ့ တာဝန်ရှိသူတွေက ထုတ်ပြန်ရာမှာတော့ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ပုပ်ရဟန်းမင်းကြီးရဲ့ အထူးသံတမန်တစ်ဦး စေလွှတ်ခန့်ထားမယ်လို့ သိရပြီး တစ်ဘက်မှာလည်း မြန်မာအစိုးရဘက်ကလည်း ယင်း ဗာတီကန်စီးတီးမှာ သံရုံး ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

မြန်မာရဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ တွေ့ဆုံအပြီး ယခု ကြေညာချက်ကို ထုတ်ပြန်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly