အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့၏ ယာဉ်တန်းကို အိုင်အက်စ်တို့ အသေခံဗုံးခွဲတိုက်ခိုက်၍ ရှစ်ဦးထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့၏ ယာဉ်တန်းကို အိုင်အက်စ်တို့ အသေခံဗုံးခွဲတိုက်ခိုက်၍ ရှစ်ဦးထက်မနည်း သေဆုံး

မေ ၃ ။                ။ အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့တွင် မေလ ၃ ရက်က နေတိုးတပ်ဖွဲ့၏ ယာဉ်တန်းတစ်ခုကို ပစ်မှတ်ထားသည့် အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ရှစ်ဦး သေဆုံးပြီး ၂၅ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ ယာဉ်တိုက်တိုက်ခိုက်မှုမှာ မိမိတို့ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့သည်ဟုလည်း သိရသည်။

ယခုဖြစ်စဉ်မှာ အာဖဂန်ရှိ အမေရိကန်သံရုံးနှင့် နေတိုးဌာနချုပ်တို့အနီးရှိ လူစည်ကားရာ လမ်းမကြီးတစ်ခုပေါ်၍ မနက်ပိုင်း လူအသွားအလာများချိန်တွင် ဖြစ်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။  သေဆုံးသူ အားလုံးမှာ အာဖဂန်နိုင်ငံသားများသာ ဖြစ်သည်ဟု ကနဦးသတင်းများအရ သိရသည်။  တစ်ချိန်တည်းတွင်မှာလည်း ယခုဖြစ်စဉ်တွင် အရပ်သား အများစု ပါ၀င်ခဲ့ကြောင်း   ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် မိမိတို့ ညွှန့်ပေါင်းတပ်သား သုံးဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း နေတိုးတပ်ဖွဲ့က ကြေညာသည်။

ယခုတိုက်ခိုက်မှုနှင့်စပ်လျင်း၍ အိုင်အက်စ်တို့ ထုတ်ပြန်ထားသော ထုတ်ပြန်ချက်ထဲတွင် အသေခံ ဗုံးခွဲသမား ဆိုသူ အမျိုးသားတစ်ဦး၏ ဓါတ်ပုံကိုပါ ဖော်ပြထားခဲ့ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly