ငြိမ်းချမ်းရေးအတွက် သရုပ်ဖော်ကပြရာမှ တပ်မတော်ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ စွဲဆိုခံရသည့်အမှု မေ ၁၂ရက် အမိန့်ချမည်

ငြိမ်းချမ်းရေးအတွက် သရုပ်ဖော်ကပြရာမှ တပ်မတော်ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ စွဲဆိုခံရသည့်အမှု မေ ၁၂ရက် အမိန့်ချမည်

ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲ၌ သရုပ်ဖော်ပြကွက်ပြုလုပ်ရာမှ တပ်မတော်ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့စွဲချက်တင်ခံရသည့်အမှုကို မေလ ၁၂ရက်၌ ပုသိမ်မြို့နယ်တရားရုံးတွင် အမိန့်ချမှတ်မည်ဟု သိရသည်။

"ပထမအပတ်ရုံးချိန်းမှာ တရားလိုဘက် အာမခံပြန်ရုတ်သိမ်းဖို့လျှောက်ထားတာကို တရားသူကြီးက အခုရုံးချိန်းမှာ အာမခံကိုမူလအတိုင်းထားဖို့ဆုံးဖြတ်တယ်။ နောက်တပတ်ရုံးချိန်းမှာ စွဲချက်တင်အမိန့်ကိုချမှတ်မယ်”ဟု စွပ်စွဲခံထားရသူ ကိုအောင်ခန့်ဇော်က ပြောသည်။

၂၀၁၇၊ ဇန်နဝါရီလက ပုသိမ်ဟိုတယ်တွင်ပြုလုပ်သည့် ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲ၌ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် သရုပ်ဖော်ပြကွက်နှင့်ပတ်သက်ပြီး ကိုအောင်ခန့်ဇော်ပါ ၉ဦးအား အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးအောင်မျိုးနိုင်က ပုဒ်မ ၅၀၀ဖြင့် ပုသိမ်မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly