မူဆယ် ဆင်ဖြူဂိတ်တွင် ရွှေတုံးများ သိမ်းဆည်းရမိ

မူဆယ် ဆင်ဖြူဂိတ်တွင် ရွှေတုံးများ သိမ်းဆည်းရမိ

ဇူလိုင် ၃၁ ။         ။ ဇူလိုင်၂၈ရက်၌ မူဆယ်မြို့ ဆင်ဖြူဂိတ်တွင် လူနှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်ကို တားဆီးစစ်ရေးရာမှ ရွှေအတုံး ၂ဝ (၁၉ ဒသမ ၄၄၂ Kg) ကို မူဆယ် Mobile Team အဖွဲ့က သိမ်းဆည်းရမိသည်ဟု သိရသည်။

စီးနင်းလာသူနှစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်သည်။ သိမ်းဆည်းမိသည့် ရွှေတုံးများနှင့် ဆိုင်ကယ်အား အကောက်ခွန်အမှုတွဲဖွင့်၍ မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ လွဲှပြောင်းအပ်နှံခဲ့သည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly