ဧရာဝတီတိုင်းရန်ပုံငွေကိစ္စ ဆယ်လကျော်အထိ တိုင်းအစိုးရဆောင်ရွက်ချက် အားရမှုမရှိဟု ဝေဖန်

ဧရာဝတီတိုင်းရန်ပုံငွေကိစ္စ ဆယ်လကျော်အထိ တိုင်းအစိုးရဆောင်ရွက်ချက် အားရမှုမရှိဟု ဝေဖန်

ပုသိမ်၊ မေ ၃ ။            ။ ဧရာဝတီတိုင်းဒေသကြီး ရန်ပုံငွေကိစ္စမေးခွန်းမှာ ဆယ်လကျော်ကြာသည်အထိ တိုင်းဒေသကြီးအစိုးရ ဆောင်ရွက်ချက်ဟာ အားရကျေနပ်မှုမရှိကြောင်း မေးခွန်းရှင် တိုင်းကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက မဇ္ဈိမသို့ ဝေဖန်ပြောကြားသည်။

"စာရင်းချုပ်ဆီက ပြန်လာအဖြေက ဖောင်းဒေးရှင်းက အချက်အလက်တွေတောင်းတဲ့အခါ လာရောက်တင်ပြနိုင်ခြင်း မရှိတဲ့အတွက်၊ ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် တင်ပြထားပါတယ်။ ဒီအပေါ်မှာ အားမလို အားမရဖြစ်ပါတယ်။ လက်ရှိအဖြေကလွဲပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ကျွန်တော်မေးတဲ့ မေးခွန်းအပေါ်မှာ ဆောင်ရွက်ထားမှု ဘာမှ မရှိသေးပါဘူး”ဟု ဖျာပုံမြို့နယ်တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းကပြောသည်။

သီးခြားဆွေးနွေးဖိုလည်းရှိကြောင်း၊ တိုင်းအတွက် ဖွံဖြိုးရေးရန်ပုံငွေကို ပြန်လည်ရရှိနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆက်ပြောကြားသည်။

"လွှတ်တော်ထဲမှာ လူမှုရေးဝန်ကြီးပြန်ဖြေသွားသလို တစ်ပြားတစ်ချပ်မှ လွဲပြောင်းပေးခဲ့ခြင်း မရှိဘူးဆိုတာ ကျွန်တော်တို့ တိုင်းဘဏ္ဍာရေးအခြေအနေဟာ ထင်သာမြင်သာရှိပါတယ်။ အခုဆိုရင် ရန်ပုံငွေသာလည်ပတ်ဖို့ရှိရင် အချိန်နဲ့ တပြေးညီ ဆောင်ရွက်ရမှာမျိုးတွေရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အားမရပါဘူး။ ဒီအပေါ်မှာ ထိထိမိမိ ဆောင်ရွက်စေခြင်းပါတယ်”ဟု ဖျာပုံမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက ပြောသည်။

မကွေးတိုင်းတွင် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေလွှဲပြောင်းပေးရေးကိစ္စကဲ့သို့ ဧရာဝတီတိုင်းဒေသကြီးတွင် ဆောင်ရွက်စေချင်သည်ဟု ဆိုသည်။

“မကွေးတိုင်းမှာဆို ရေနံလက်ယက်တွင်းတွေ ဖွံဖြိုးရေးရန်ပုံငွေကိစ္စကို တိုင်းဒေသကြီးအစိုးရအဖွဲ့က မဆောင်ရွက်နိုင်လို့ ပြည်ထောင်စုတင်ပြတယ်။ ပြီးလာရောက်စစ်ဆေးလို့ ပေါ်ပေါက်ခဲ့တယ် ။ ကျွန်တော်အနေနဲ့ဖြစ်စေချင်တာက အမှန်တကယ်ဆိုရင် မေးခွန်းက မကွေးတိုင်းထက်စောတဲ့ အစိုးရအပြောင်းအလဲအပြီးမှာမေးမြန်းခဲ့တာ။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်လို့မရဘူးဆို မကွေးတိုင်းလိုမျိုး ဆောင်ရွက်စေချင်တယ်” ဟုပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေနဲ့ ပတ်သက်သည့်မေးခွန်းအား ဖျာပုံမြို့နယ်တိုင်းဒေသကြီး ကိုယ်စားလှယ်ဦးဇေယျာမင်းသိန်းက ဧရာဝတီတိုင်းဒေသကြီး ပထမပုံမှန်အစည်းအဝေးတွင်   မေးမြန်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required