စစ်ကိုင်းတိုင်းရှိ သက်ကြီးရွယ်အိုများအား ၃လတစ်ကြိမ် လူမှုရေးပင်စင်ပေးမည်

စစ်ကိုင်းတိုင်းရှိ သက်ကြီးရွယ်အိုများအား ၃လတစ်ကြိမ် လူမှုရေးပင်စင်ပေးမည်

မုံရွာ၊ မေ ၂။            ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အသက် ၉၀ ကျော် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်အဖြစ် ၃လ တစ်ကြိမ် ပေးအပ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။

တိုင်းဒေသကြီးအတွင်းရှိ အသက် (၉၀)ကျော် သက်ကြီးရွယ်အို စုစုပေါင်း ၃၆၉၄ ဦးအား တစ်လလျှင် ၁၀၀၀၀ ကျပ်နှင့် သုံးလတစ်ကြိမ် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"လူမှုရေးပင်စင်လျှောက်ထားသူ ၃၆၉၄ ဦးရှိပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများက တစ်ဆင့် သုံးလတစ်ကြိမ် ပေးအပ်သွားမှာ ဖြစ်ပါတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်သိန်းသိန်းမြင့်က ပြောသည်။

ယင်းသို့ လူမှုရေးပင်စင်လျှောက်ထားရာတွင် ၂၀၁၇ ဧပြီလ ၁ ရက်နေ့တွင် အသက် (၉၀) ပြည့်ပြီးသော သက်ကြီးရွယ်အိုများကို ပေးအပ်သွားမည်ဖြစ်ပြီး ပင်စင်လျှောက်ထားခြင်း မရှိသေးသူများအနေဖြင့်လည်း မှတ်ပုံတင်၊ဓါတ်ပုံ၊ အိမ်ထောင်စုစာရင်း၊ တို့ဖြင့်
ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက တစ်ဆင့်လျှောက်ထားနိုင်ကြောင်း ဆက်လက်ပြောကြားသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပ့ံရာတွင် အသက် ၉၀ ပြည့်ပြီးသော်လည်း မှတ်ပုံတင်၊အိမ်ထောင်စုစာရင်း မရှိပါက သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် လျှောက်ထားနိုင်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly