တရုတ်နိုင်ငံတွင် ရုံဝင်ငွေအကောင်းဆုံး နိုင်ငံခြားရုပ်ရှင်ဖြစ်လာသည့် The Fate of the Furious

တရုတ်နိုင်ငံတွင် ရုံဝင်ငွေအကောင်းဆုံး နိုင်ငံခြားရုပ်ရှင်ဖြစ်လာသည့် The Fate of the Furious

မေ ၂ ။          ။ Fast and Furious ရုပ်ရှင်ကားများ၏ ရှစ်ကားမြောက်ဖြစ်သော The Fate of the Furious ရုပ်ရှင်သည် တရုတ်နိုင်ငံရုပ်ရှင်သမိုင်းတွင် ရုံဝင်ငွေအကောင်းဆုံး   နိုင်ငံခြားရုပ်ရှင်ဖြစ်လာကြောင်း တရုတ်နိုင်ငံ Box Office ၀က်ဘ်ဆိုက်မှ ကြေညာခဲ့သည်။

နာမည်ကျော်သရုပ်ဆောင်များဖြစ်သော ဗင်ဒိုင်ဆယ်လ်နှင့် ရှာလိဇ််သရွန်တို့ ပါ၀င်ထားသည့် The Fate of the Furious ရုပ်ရှင်သည် လွန်ခဲ့သော ဧပြီ ၁၄ရက်နေ့က စတင်ထွက်ရှိခဲ့ပြီး တရုတ်နိုင်ငံ၌ ရုံဝင်ငွေ အမေရိကန် ဒေါ်လာ ၃၆၅သန်း ရရှိခဲ့ကာ လွန်ခဲ့သော ၂၀၁၅ ခုနှစ်က ရုံဝင်ငွေ ဒေါ်လာ ၃၂၁သန်းရရှိခဲ့သည့် Furious 7 ၏ စံချိန်ကို ကျော်ဖြတ်သွားပြီး တရုတ်နိုင်ငံ၌   အောင်မြင်မှုအရှိဆုံး နိုင်ငံခြားရုပ်ရှင်ဖြစ်လာခဲ့သည်။

ဒါ့အပြင် The Fate of the Furious ရုပ်ရှင်သည် တရုတ်နိုင်ငံ၌ စတင်ပြသည့်ခဲ့သည့် တစ်ရက်အတွင်း ရုံဝင်ငွေ ဒေါ်လာ ၅၅သန်း ရရှိခဲ့ကာ တစ်ရက်တာ အကောင်းဆုံး ရုံဝင်ငွေစံချိန်ကိုလည်း တင်နိုင်ခဲ့သည်။

လက်ရှိ အခြေအနေများအရ အဆိုပါအက်ရှင်ဇာတ်ကားသည် ပြီးခဲ့သောနှစ်က တရုတ် Box Office ဇယား၌ ရုံဝင်ငွေအများဆုံးစံချိန်ကို ၄၉၁သန်းဖြင့် တင်ရှိနိုင်ခဲ့သော တရုတ်-ဟောင်ကောင်ရုပ်ရှင် The Mermaid ၏ စံချိန်ကိုလည်း ချိုးဖျက်သွားနိုင်သည့် အလားအလာများလည်း ရှိနေသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့ရုပ်ရှင်စျေးကွက်၏ အကြီးဖြစ်သော အမေရိကန်ကို ကျော်ဖြတ်သွားနိုင်ရန် ဦးတည်နေ သော်လည်း လွန်ခဲ့သော ၂ နှစ်ခန့်က တရုတ်ပြည်တွင်းဖြစ် ရုပ်ရှင်များ၏ အရည်အသွေးနိမ့်ကျမှုများကြောင့် တိုးတက်မှုများ ကျဆင်းသွားခဲ့ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly