အမျိုးသား ဘောလုံး အကယ်ဒမီများအတွက် မေလအတွင်း အပြီးသတ်ရွေးချယ်မည်

အမျိုးသား ဘောလုံး အကယ်ဒမီများအတွက် မေလအတွင်း အပြီးသတ်ရွေးချယ်မည်
ဓာတ်ပုံ-MFF

မေ ၁ ။           ။ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပုသိမ်မြို့များရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ အမျိုးသား ဘောလုံး အကယ်ဒမီများအတွက် နောက်ဆုံးအဆင့် အကယ်ဒမီ ကျောင်းသား ကစားသမားများသစ် ရွေးချယ်ခြင်းအား မေလဆန်းတွင် ပြုလုပ်သွားမည်ဖြစ်သည်။

အောက်မြန်မာပြည်အတွက် မေလ ၂ ရက်နှင့် ၃ ရက်၊ နံနက် ရ နာရီမှ ၁၁ နာရီအတွင်း အောင်ဆန်းကွင်းတွင် ပြုလုပ်မည်ဖြစ်သည်။ အထက်မြန်မာပြည်အတွက် မေလ ရ ရက်နှင့် ၈ ရက်များတွင် ပြုလုပ်မည်ဖြစ်ပြီး နံနက် ရ နာရီမှ ၁၁ နာရီအထိ မြန်မာ့ဘောလုံးအကယ်ဒမီ(မန္တလေး) တွင် ပြုလုပ်မည်ုဖြစ်သည်။ ထိုမှ ပဏာမ ကစားသမား ၂၂၉ ဦးအနက် အပြီးသတ် ၈၅ ဦးသာ ရွေးချယ်သွားမည် ဖြစ်သည်။

A Bank Scouting Tour 2017 ကို နိုင်ငံတဝန်းရှိ မြို့ကြီးမြို့ငယ် ၅၅ မြို့နယ်အထိ သွားရောက်ပြီး နည်းစနစ် အခြေခံရွေးချယ်မှုများ ပြုလုပ်ခဲ့ရာမှာ အသက် (၁၁)နှစ်၊ (၁၂)နှစ်အရွယ် လူငယ် ကစားသမား (၂၀၀၀)ကျော်ခန့် ရွေးချယ်ခံခဲ့ကြပြီး ၎င်းတို့အနက် အလားအလာကောင်းပြီး နည်းစနစ်အတိုင်း စစ်ဆေးခံယူနိုင်ခဲ့ကြသော ပဏာမ ကစားသမား ၂၂၉ ဦး ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly