ရေနံ​မြေအလုပ်​သမားများဦး​ဆောင်​၍ ​၁၂၇ကြိမ်​​မြောက်​ အလုပ်​သမား​နေ့ ​ချောက်​မြို့တွင်​ ကျင်​းပ

ရေနံ​မြေအလုပ်​သမားများဦး​ဆောင်​၍ ​၁၂၇ကြိမ်​​မြောက်​ အလုပ်​သမား​နေ့ ​ချောက်​မြို့တွင်​ ကျင်​းပ

​​ချောက်​၊​မေ ၁ ။           ။ ​ရေနံ​မြေ အလုပ်​သမားများ ဦး​ဆောင်ပြီး ၁၂၇ကြိမ်​​မြောက်​ ကမ္ဘာ့အလုပ်​သမား​နေ့ကို ​မေလ ၁ ရက်​​နေ့က ​ချောက်​မြို့မှာ ကျင်​းပခဲ့သည်။

အလုပ်​သမားများရဲ့ ​ပေးဆပ်​ခဲ့ရသည်​့ အသက်​​၊​သွေး ​ချွေးများကို အထိမ်​းအမှတ်​ပြု ပြီး ကမ႓ာ့နိုင်​ငံအသီးသီးက အလုပ်​သမားထုရဲ့ အင်​အားကို ပြသသည်​့ ​နေ့ဖြစ်​သည်​ဟု သိရသည်​။

"​မေ​ဒေး​နေ့ဆိုတာ စက်​မှု​တော်​လှန်​​ရေးနဲ့အတူ ​ပေါ်​ပေါက်​လာတဲ့ အလုပ်​သမားလူတန်​းစားရဲ့ အသက်​​တွေ၊​သွေး​တွေ၊​ချွေးတွေ အသတ်​ခံရတဲ့အ​ခြေအ​နေအထိ​ပေးဆပ်​ခဲ့ရတဲ့ အလုပ်​သမားလူတန်​းစားရဲ့ ​ပေးဆပ်​ခဲ့ရတာ​တွေကို အထိမ်​းအမှတ်​ပြု ဂုဏ်​ယူရတဲ့​နေ့လည်​းဖြစ်​ပါတယ်​။ဒုတိယအချက်​က ကမ္ဘာ့နိုင်​ငံအသီးသီးမှာ​မေ​ဒေး​နေ့ကို ကျင်​းပတာဟာ တစ်​ကမ္ဘာလုံးမှာရှိတဲ့ အလုပ်​သမားထုရဲ့ ညီညွတ်​တဲ့အင်​အားကို ပြသတဲ့​နေ့လည်​း ဖြစ်​ပါတယ်​"ဟု ၁၂၇ ကြိမ်​​မြောက်​ ​မေ​ဒေး​နေ့ ကျင်​းပ​ရေး ​ကော်​မတီ သဘာပတိ ဦးရဲဝင်​းနိုင်​က ဆိုသည်​။

အလုပ်​သမား​နေ့ အခမ်​းအနား ကျင်​းပ​နေ​ပေမယ်​့ ​ရေနံ​မြေအလုပ်​သမားများရဲ့ ဘဝအ​ခြေအ​နေက တိုးတက်​​ကောင်​းမွန်​လာခြင်​း မရှိဘူးဟု မြန်​မာနိုင်​ငံလုံးဆိုင်​ရာ ​ရေနံ​မြေအလုပ်​သမား သမဂ္ဂများအဖွဲ့ချုပ်​ အတွင်​း​ရေးမှူး ဦး​အေးမြင့်​က ​ပြောသည်။

"အ​ခြေအ​နေ​တွေက လိုပါ​သေးတယ၊်​ အရင်​စနစ်​အတိုင်​းဘဲ ထူးထူးခြားခြား ​ပြောင်​းလဲလာတာမ​တွေ့ရ​သေးဘူး။အိမ်​တန်​းလျားစနစ်​ ဆိုရင်​လည်​း နဂိုအတိုင်​းဘဲ အစုတ်​​တွေနဲ့​နေ ​နေရဆဲဖြစ်​ပါတယ်​။အဲဒါက​တော့ အိမ်​ယာပြင်​ဆင်​မှု ချ​ပေးတာ နည်​း​နေ​သေးလို့ မြင်​ပါတယ်​။လုပ်​ခလစာကလည်​း ​ခေတ်​နဲ့​လျှော်​ညီတဲ့ လုပ်​ခလစာ ရရှိမှုမရှိ​သေးပါဘူး။လက်​ရှိကုန်​​စျေးနှုန်​းနဲ့နှိုင်​းယှဉ်​မယ်​ဆိုရင်​ ဒုန်​ယင်​း ဒုံရင်းလို့ပဲပြောလို့ရပါတယ်​"ဟု ဦး​အေးမင်​းက ဆိုသည်​။

​ချောက်​မြို့မှာ ကျင်​းပတဲ့ အလုပ်​သမား​နေ့အခမ်​းအနားကို ​ရေနံ​မြေ ​ဒေသ​ပေါင်​းစုံမှ အလုပ်​သမားများတက်​​ရောက်​နိုင်​​ရေး ဖိတ်​ကြားခဲ့​သော်​လည်​း ​တက်​​ရောက်​ခွင့် မရခဲ့တဲ့ အလုပ်​သမားအချို့ရှိကြောင်း သိရသည်။

မြန်​မာနိုင်​ငံတွင်​ တစ်​ခုတည်​း​သော ​မေ​ဒေး​ကျောက်​တိုင်​တည်​ရှိရာ ​ချောက်​မြို့မှာ အလုပ်​သမား​နေ့ အခမ်​းအနား စည်​းကားသိုက်​မြိုက်​စွာ မကျင်​းပခဲ့တာ ဆယ်​စုနှစ်​တစ်​ခု ကြာပြီဖြစ်​​ပေမယ်​့ ယခုနှစ်​မှာ​တော့ ​ချောက်​မြို့ ​အေး​စေတီဘုရား ကွင်​းပြင်​မှာ စည်​ကားစွာ ကျင်​းပခဲ့ပြီး ​ရေနံ​မြေအလုပ်​သမား များကို ဌာနဆိုင်​ရာများနဲ့ ပြည်​သူများပူး​ပေါင်​းပြီး သခင်​ဖိုးလှကြီး ရုပ်​ထုရှိရာ ရင်​ပြင်​အထိ ချီတက်​ အ​လေးပြုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly