မကွေးဒေသရန်ပုံငွေမှ အလွဲသုံးဝယ်ယူထားသောယာဉ်များအား ပြန်ပေး

မကွေးဒေသရန်ပုံငွေမှ အလွဲသုံးဝယ်ယူထားသောယာဉ်များအား ပြန်ပေး

 မကွေး၊ ဧပြီ ၃၀ ။             ။ မ​ကွေးတိုင်​း​ဒေသကြီး ​ရေနံလက်​ယက်​တွင်​းတိမ်​လုပ်​ငန်​းရှင်​များမှ ထည်​့ဝင်​လှူဒါန်​းခဲ့​သော ဒေသဖွံ့ဖြိုးရေးရန်ပုံ​ငွေများဖြင်​့ အလွဲသုံးဝယ်​ယူထားသည်​့ ​ ယာဉ်များအား မကွေး တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေကိုယ်စား ကိုယ်စားလှယ်လွှဲအပ်ခြင်းခံထားရသူ ဦးကြည်ထွန်းက ဧပြီ ၂၉ရက်တွင် ​ပြန်လည်အပ်​နှံခဲ့သည်​။

မကွေးတိုင်းကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသို့လှူဒါန်းခဲ့သည်​ဆို​သော မော်တော်ယာဉ် (၄)စီး၊ Wheel Loader (၁)စီး၊ ပဲ့ထောင်ရေယာဉ်(၂)စီးတို့အား ယမန်နေ့ ညနေပိုင်းအချိန်ခန့်က လက်ရှိ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပြန်လည်လွှဲအပ်ပေးခဲ့ခြင်း ဖြစ်သည်​။

မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ရ ဘီလီယံကျော်ရရှိသည့်အထဲမှ အဆိုပါ ယန္တရားများကို ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး အလွဲသုံးငွေများအနက် ပထမဆုံး ပြန်လည်ပေးအပ်ခြင်းဖြစ်သည်။

“ကျွန်တော်က ရန်ကုန်ရောက်နေတယ်၊ ပေးထားတဲ့ ကတိအတိုင်း ဦးကြည်ထွန်းက မကွေးတိုင်းအစိုးရအဖွဲ့ထံ လာအပ်သွားတာပါ။ ယာဉ်တွေကတော့ အခုဒီမှာရှိပါတယ်။ ရေယာဉ်(၂)စီးကတော့ တိုင်းမြစ်ကြောင်းရုံးမှာပါ။ ရှေ့ဆက် ဘာဆက်လုပ်မလဲဆိုတာကတော့ ပြည်ထောင်စုအစိုးရရဲ့ အတည်ပြုချက်အတိုင်း လုပ်ဆောင်သွားပါ့မယ်” ဟု မကွေးတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက မဇ္ဈိမသို့ ပြောသည်။

ရေနံတွင်​းတိမ်​ ရန်ပုံ​ငွေ ရ.၄၅၉ ဘီလီယံ ​ပျောက်​ဆုံးခဲ့​ကြောင်​း စစ်​​ဆေး​ပေါ်​ပေါက်​ခဲပြီး ယာဉ်​ယန္တရားများ၊ ငွေကျပ်​ ၁.၅၇ ဘီလီယံ​ကျော်​အနက်​ သိန်​း ၅၀၀၀ ကျပ်​အား ပထမအရစ်​အ​နေဖြင့် မေလ ပထမပတ်တွင် လည်းကောင်း​၊ ကျန်​ရှိ​ငွေများမှာ လုပ်​ငန်​းလုပ်​ကိုင်​ထားသည်​့အတွက်​ ပြန်​လည်​​ကောက်​ခံပြီး ဇူလိုင်​လ တတိယပတ်​တွင်လည်းကောင်း ပြန်လည်ပေးသွင်​းသွားမည်​ဖြစ်​​ကြောင်​း ဦးဘုန်​း​မော်​​ရွှေမှ မ​ကွေးတိုင်​​းဒေသကြီးဝန်​ကြီးချုပ်​ ဒေါက်တာအောင်မိုးညိုထံ ဧပြီ ၂၇ ရက်​​နေ့က အ​ကြောင်​းပြန်​စာ​ပေးပို့ကတိပြုထားသည်။

ပြန်ရရှိမည့် ရန်ပုံငွေများနှင့် မကွေးတိုင်းဖွံ့ဖြိုးရေးအတွက် အသုံးပြုထားသည့် ၄ ဘီလီယံကျော် ကိစ္စများနှင့် ပတ်သက်၍ မကွေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ညှိနှိုင်းဆွေးနွေးကာ
ပြည််ထောင်စုအစိုးရသို့ တင်ပြပြီး ပြည်ထောင်စုအစိုးရ၏ အကြံပြုချက်အတိုင်း ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားမည်ဟု ဒေါက်တာအောင်မိုးညိုကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required