"အလုပ်သမားနေ့အတွက် နယ်ပယ်စုံမှ ပြောစကားများ"

"အလုပ်သမားနေ့အတွက် နယ်ပယ်စုံမှ ပြောစကားများ"

ဒေါ်တင်နွယ်ဦး (နာယက) အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

အလုပ်သမားတွေအကုန်လုံးတင် မဟုတ်ပါဘူး။ တစ်တိုင်းပြည်လုံး ခါးစည်းခံရတာ ကုန်စျေးနူန်းတတ်တဲ့ဒဏ်ကို ခါးစည်းခံရတာလေ။ အဲ့တော့ ကုန်စျေးနူန်းတက်လေ၊ ပိုက်ဆံချမ်းသာတဲ့သူက ပိုက်ဆံချမ်းသာတဲ့သူက သက်သာမယ်။ အလယ်အလတ် သမားလည်း နည်းနည်းထိ ၊ ဒါပေမယ့် အောက်ဆုံးဖြစ်တဲ့ အလုပ်သမားတွေက ပိုပြီးတော့ ခံစားရတာပေါ့နော် ။ အဓိကက ဒီတိုင်းပြည်ကို Growth ၊ Growth (ကြီးပွားတိုးတက်မှု) ပြောတာက အဓိက ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက Stability(တည်ငြိမ်မှု) လို့ ပြောတယ်။ Stability ဆိုတာ ရှိပြီးမှ Growth ဖြစ်တာ မဟုတ်ဘူး။  Growth ဖြစ်ပြီးမှ Stability ဖြစ်မယ် Stability ပြီးမှ Equality (တန်းတူညီမျှမှု) ပါဆက်ရှိမှာတို့ကတော့ Growth Stability Equality လို့ ယူဆတယ်။

မဝတ်ရည် (စက်ရုံအလုပ်သမား) မင်္ဂလာဒုံမြို့နယ်၊ အထည်ချုပ်စက်ရုံ

အလုပ်သမားတိုင်းကို စိတ်ဓာတ်မကျစေချင်ဘူး ပြီးတော့ တရားဝင်အဖွဲ့အစည်းတွေ ဖွဲ့ခွင့်ပေးထားတဲ့အတွက်  အဖွဲ့အစည်းတွေလည်း ဖွဲ့စေချင်တယ်။ ပြီးတော့ ဥပဒေ အကြောင်းတွေလည်း သူတို့ လိုက်စားမယ်ဆိုလို့ရှိရင် နောက်နောင်ကြရင် ဒီလို(ဖိနှိပ်မှု) မခံရဘူးလို့ ညီမ ထင်တာပဲ ။ အဲ့တာကြောင့် ဥပဒေအကြောင်းတွေ လိုက်စားစေချင်တယ် ။ အဖွဲ့အစည်းလေးတွေလည်း စက်ရုံတွေမှာ ရှိစေချင်တယ်။

ဦးနေမင်း (အလုပ်သမားကိုယ်စားလှယ်) ခုံသမာဓိကောင်စီ

အခုဟာက သူတို့က ကျေးလက်က တက်လာတယ်။ မိမိအခွင့်အရေး လာမှန်းတောင်မှ မသိဘူး။ ဒီလိုအခြေအနေမျိုးမှာ သူတို့ကို ပညာပေးမယ့်သူလည်း မရှိတဲ့အခါကျတော့ ခေါင်းပုံဖြတ်မှု ၊ အမြတ်ထုတ်မှုကတော့ သူတို့ခံရမှာ သေချာတယ်။ ဒါကို ကျွန်တော်တို့ ဝိုင်းဝန်းပြီးဖြေရှင်းနိုင်ဖို့က သူတို့တွေရဲ့ ဗဟုသုတတွေ ပြည့်ဝလာအောင် ပြီးရင် စစ်မှန်တဲ့ သူတို့ရဲ့အခွင့်အရေးတွေကို တောင်းဆိုပုံတောင်းဆိုနည်း နည်းလမ်းဟာ ဘယ်လိုတောင်းရမယ်ဆိုတာလည်း သင်ကြားပေးမှုတွေ လိုတယ် ။ အဲဒါတွေ ပြည့်ဝမယ်ဆိုရင်တော့ ဒီနေ့မြန်မာနိုင်ငံမှာ ခဏ၊ ခဏ ဆန္ဒပြပွဲတွေဖြစ်တဲ့ကိစ္စက ပြေလည်သွားမယ်လို့ ယူဆတယ်။

မအိမွန်ဖြိုး (မြန်မာ့အမျိုးသမီးသမဂ္ဂ)

သူတို့တွေရဲ့ လုပ်ငန်းခွင်အခြေအနေနဲ့ အမျိုးသမီးတွေကို အကာကွယ်ပေးတဲ့ ဥပဒေတွေ ဖြစ်လာဖို့ရယ်၊ ပြီးတော့မှ သူတို့ရဲ့ လူနေမှုအဆင့်အတန်းနဲ့ ညီတဲ့ လုံလောက်တဲ့ လုပ်ခလစာကို ရရှိနိုင်ဖို့အတွက် စဉ်းစားပေးနိုင်ဖို့ ပြောချင်ပါတယ်။

ဦးညွှန့်ဝင်း (ညွှန်ကြားရေးမှူးချုပ်) အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန

ထိုက်တန်တဲ့ ကာယအား ၊ ဉာဏအား စိုက်ထုတ်မှုတွေ လုပ်ကြပါ ။ သက်ဆိုင်ရာ ကဏ္ဍအလိုက် အလုပ်အမျိုးအစား အလိုက် ကောင်းမွန်တဲ့ လုပ်ငန်းခွင်ဆက်ဆံရေးတွေ လုပ်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

မနန့်မေသန်းဦး (YWCA)

ဒီအချိန်မှာ အမျိုးသမီးအလုပ်သမား လုပ်နေရပေမဲ့ သူတို့အနေနဲ့ ဒီနေရာမှာတင် ရပ်တန့်နေတာမျိုး မဟုတ်ဘဲနဲ့ နည်းပညာကို အသုံးပြုပြီးတော့ သူတို့ဘဝအတွက် တခြား ဘာတွေဆက်ပြီးတော့ လေ့လာသင်ယူမလဲ။ ဘယ်လိုအတတ်ပညာအသစ်တွေ ကို အင်တာနက်ကနေတစ်ဆင့် လေ့လာသင်ယူပြီးတော့ သူတို့ကိုယ်ပိုင်လုပ်ငန်းတွေကို ထူထောင်နိုင်တဲ့ စတင်အစပြုလာနိုင်တဲ့ အနေအထားမျိုးကို ရောက်စေချင်ပါတယ်ရှင့်။ နည်းပညာကိုအသုံးချပြီးတော့ ကိုယ့်အတွက်အလုပ်အကိုင်ရှာဖွေတဲ့ ထိရောက်စွာနဲ့ အသုံးပြုစေချင်တယ်ရှင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly