Miss Earth Myanmar 2017 ပြိုင်ပွဲ လျှာက်လွှာများ စတင်ခေါ်ယူ

Miss Earth Myanmar 2017 ပြိုင်ပွဲ လျှာက်လွှာများ စတင်ခေါ်ယူ
Miss Earth 2016  နန်းခိုင်ရွှေဝါဝင်း  / ဓာတ်ပုံ-Miss Golden Land Myanmar 

ရန်ကုန် ၊ ဧပြီ ၂၉ ။           ။ Miss Earth Myanmar Organization မှ ပထမဆုံးအကြိမ် အဖြစ် ဦးစီးကျင်းပမည့် မှာ Miss Earth Myanmar 2017 ပြိုင်ပွဲ အတွက် စိတ်ပါ၀င်စားသူများ အနေဖြင့် ပြိုင်ပွဲဝင် လျှောက်လွှာများ စတင် လျှောက်ထားနိုင်ပြီ ဖြစ်သည်။
 
Miss Earth Myanmar ကို ယခင်က Miss Golden Land Myanmar Organization မှ ဦးစီးကျင်းပခြင်း ဖြစ်ပြီး ယခုနှစ်မှာတော့ National Director အသစ်ကို ရွေးချယ် ခန့်အပ်ကာ သီးသန့်ခွဲထွက်ကာ ပထမဆုံး ကျင်းပပြု လုပ်ခြင်း ဖြစ်သည်။
 
Miss Earth Myanmar 2017 ပြိုင်ပွဲ တွင် Miss Earth Myanmar 2017 ဆု အပြင် ၊ Miss Myanmar Air 2017 ၊ Miss Myanmar Water 2017 ၊ Miss Myanmar Fire 2017 ၊ Miss Myanmar Eco-tourism 2017၊ People Choice Award ၊ Best National Costume Award ၊ Best Evening Gown Award ၊ Best Talent Award ၊ Best Catwalk Award ၊ Best Photogenic Award ၊ Best Body Award ၊ Best Face Award တို့ကိုပါ ရွေးချယ် ပေးသွားမည် ဖြစ်သည်။
 
ထိုပြိုင်ပွဲအတွက် အသက်​(၁၈)နှစ်​မှ(၂၆)နှစ်​ကြား အိမ်​​ထောင်​မရှိသူ(အပျို)မည်​သူမဆို ၀င်​​ရောက်​ယှဉ်​ပြိုင်​နိုင်​ပြီး အမည်​ ၊ အသက်​ ၊ အရပ် ၊ ပညာအရည်​အချင်​း ၊ ဆက်​သွယ်​ရန်​ဖုန်​းနံပါတ်​များ ၊ နေရပ်​လိပ်​စာ နှင့်အတူ 
မိမိစိတ်​ကြိုက်​အလှဓာတ်​ပုံ ၃ ပုံ (သုံးလအတွင်းရိုက်ထားသည့်ပုံဖြစ်ရမည်) တို့ကို  Miss Earth Myanmar Official ဆိုသည့် Official Facebook Page ၏ Message Box သို့ ရေးသား​ ပေးပို့ပြီး ​လျှောက်​ထားနိုင်​ပြီ ဖြစ်သည်။

လျှောက်လွှာပိတ်ရက်များကို မေလ ၂၀ရက်နေ့ နောက်ဆုံး အဖြစ် သတ်မှတ်ထားပြီး ပြိင်​ပွဲဝင်​ အလှမယ်​​လေးများ အတွက်​ လိုအပ်​သည်​့ ၀တ်​စားဆင်​ယင်​မှုများ၊ မိတ်​ကပ်​အပြင်​အဆင်​များနှင်​့ Training Camp ​လေ့ကျင်​့သင်​ကြား​ပေးမှုများ၊ လိုအပ်​သည်​များအားလုံးကို Miss Earth Myanmar Organization မှ အစအဆုံး (အခမဲ့) တာဝန်​ယူ စီစဉ်​ပံ့ပိုး​ပေးသွားမည် ဖြစ်​သည်။

Miss Earth Myanmar2017 သရဖူဆုရှင်​သည်​ ကမ္ဘာ့အလှမယ်​​ ရွေးချယ်​ပွဲကြီးတွင် နိုင်​ငံ့ဂုဏ်​​ဆောင်​အလှမယ်​များ​ရွေးချယ်​မည်​့ "Miss Earth 2017" ​ရွေးချယ်​ပွဲ အတွက် မြန်မာနိုင်ငံကိုယ်​စားပြုအလှမယ်​အဖြစ်​ ပါ၀င်​ယှဉ်​ပြိုင်​ခွင်​့ရရှိမည် ဖြစ်​သည်။
 
Miss Earth Myanmar 2017 Final ပြိုင်ပွဲကို ဇွန်လတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး လက်ရှိမှာတော့ Miss Earth Myanmar 2017 ပြိုင်ပွဲအတွက် လျှောက်လွှာများကို စတင်ခေါ်ယူနေပြီ ဖြစ်သည်။

Miss Earth 2016 ကရင်တိုင်းရင်းသူ အလှမယ်လေး နန်းခိုင်ရွှေဝါ၀င်း (စေးစေး) သည် Miss Earth Photogenic နှင့် Miss Earth Friendship ဆုတို့ကို ဆွတ်ခူး ရရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required