အာဆီယံအစည်းအဝေးက တရုတ်အတွက် အရေးလှစေမည်

အာဆီယံအစည်းအဝေးက တရုတ်အတွက် အရေးလှစေမည်

အာဆီယံ၊ ဧပြီ ၂၉ ။        ။ ဖိလစ်ပိုင်က အိမ်ရှင်အဖြစ် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် တရုတ်၏ တောင်တရုတ်ပင်လယ်အတွင်း နယ်မြေချဲ့ထွင်မှုများနှင့် ပတ်သက်ပြီး အာဆီယံအဖွဲ့၏ တန်ပြန်ခုခံစွမ်းကို ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အားနည်းစေခဲ့ကြောင်း သံတမန်များက ပြောသည်။

မဟာဗျူဟာအရေးပါသော တောင်တရုဖိလစ်ပိုင်က အိမ်ရှင်အဖြစ် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် တရုတ်၏ တောင်တရုတ်ပင်လယ်အတွင်း နယ်မြေချဲ့ထွင်မှုများနှင့် ပတ်သက်ပြီး အာဆီယံအဖွဲ့၏ တန်ပြန်ခုခံစွမ်းကို ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အားနည်းစေခဲ့ကြောင်း သံတမန်များက ပြောသည်။တ်ပင်လယ်ရေပြင်တွင် တရုတ်က မိမိပိုင်အဖြစ် အခိုင်အမာဆိုနေခြင်းအား နိုင်ငံတကာခုံရုံးက ပယ်ချထားခြင်းအပေါ် မျက်ကွယ်ပြုမည့် အာဆီယံဥက္ကဋ္ဌ ထုတ်ပြန်ချက်အား တစ်ရက်တာ အာဆီယံခေါင်းဆောင်များ အစည်းအဝေးအပြီးတွင် ဒူတာတေးက ထုတ်ပြန်ဖြစ်ဖွယ်ရှိသည်။

ထိပ်သီးအစည်းအဝေးမတိုင်မီက ဒူတာတေးက တရုတ်နိုင်ငံသည် ၎င်းတို့ ပိုင်အဖြစ် အခိုင်အမာဆိုထားသော ရေပြင်ဧရိယာတွင် လူလုပ်ကျွန်းများ တည်ဆောက်ခြင်းကို ရပ်တန့်ရန် ဖိလစ်ပိုင်အပြင် အခြားနိုင်ငံများတွင်လည်း အားကိုးရာမရှိကြောင်း၊ ထိုအတွက်ကြောင့် ဧပြီ ၂၉ ရက်တွင် ကျင်းပသော ထိပ်သီးသံတမန်အစည်းအဝေးတွင် တရုတ်၏ လုပ်ရပ်ကို ဆန့်ကျင်ထောက်ပြဖို့ မရှိကြောင်း ပြောခဲ့သည်။
“ဒါက ပြဿနာကိစ္စရပ် တစ်ရပ် မဟုတ်ဘူး။ ဖြစ်နေပြီးသား အကြောင်းအရာ။ ဘာမှ မတတ်နိုင်တဲ့အရာကို ဆွေးနွေးဖို့ အဆိုပြုရမှာလား ”ဟု ဒူတာတေးက ဧပြီ ၂၇ ရက်တွင် သတင်းထောက်များအား ပြောခဲ့ဖူးသည်။
ဖိလစ်ပိုင်နှင့် အခြားသော နိုင်ငံများက ၎င်းတို့အပိုင်အဖြစ် အခိုင်အမာဆိုသော ပိုင်နက်အငြင်းပွားရာ ရေပြင်ဧရိယာများက သန္တာကျောက်တန်းများနှင့် ပင်လယ်သောင်ပြင်များကို တရုတ်က လူလုပ်ကျွန်းများအဖြစ် တည်ဆောက်လျက်ရှိနေပြီး စစ်ရေးအသုံးပြုမှုများလည်း ရှိနေသည်။

နိုင်ငံတကာရာဇဝတ်ခုံရုံးက တောင်တရုတ်ပင်လယ်တွင် တရုတ်ပိုင်ဆိုင်ကြောင်းကို အထောက်အထားမရှိသော အပိုင်ပြုမှုအဖြစ် ပယ်ချထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags