အသင်းတွင် ဟက်ဇက်ဆက်ရှိနေရန် အာမခံချက်မပေးနိုင်ဟု ချယ်လ်ဆီးနည်းပြကွန်တီပြော

အသင်းတွင် ဟက်ဇက်ဆက်ရှိနေရန် အာမခံချက်မပေးနိုင်ဟု ချယ်လ်ဆီးနည်းပြကွန်တီပြော

ဧပြီ ၂၉၊ အင်္ဂလန် ။               ။ ချယ်လ်ဆီးအသင်းသည် အသင်း၏အဓိကတိုက်စစ်ကစားသမား ဟက်ဇက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ကြိုးပမ်းနေသော်လည်း အသင်းတွင် ဆက်ရှိနေမည်ဟု အာမခံချက်မပေးနိုင်ကြောင်း နည်းပြကွန်တီက ပြောဆိုလိုက်သည်။

ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမား ဟက်ဇက်ကို ရီးယဲလ်အသင်းက ခေါ်ယူလိုလျက်ရှိနေရာ ချယ်လ်ဆီးအသင်းက ယခုနှစ်နွေရာသီတွင် စာချုပ်သက်တမ်းတိုးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ဟက်ဇက်မှာ လက်ရှိတွင် ချယ်လ်ဆီး၌ တစ်ပတ်လုပ်ခလစာငွေ ပေါင် ၂ သိန်း ရရှိနေပြီး ၂၀၂၀ အထိ စာချုပ်သက်တမ်းရှိနေသူ ဖြစ်သည်။

ချယ်လ်ဆီးနည်းပြ ကွန်တီက ‘ဟက်ဇက်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်တော်အာမခံချက်ပေးလို့မရပါဘူး။ ဟက်ဇက်တစ်ယောက်တည်းတင်မဟုတ်ပါဘူး၊ ကစားသမားတိုင်းရဲ့ အနာဂတ်ကို အာမခံချက်ပေးလို့မရတာပါ။ ကျွန်တော့်ရဲ့ အမြင်ကိုတော့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ အသင်းကပဲ ချမှတ်မှာပါ။

ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ ဟက်ဇက် ချယ်လ်ဆီးမှာ ပျော်နေပါတယ်။ ကျွန်တော်တို့နဲ့အလုပ်လုပ်ရတာကို သူပျော်နေပါတယ်’ ဟု ဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required