ဖိအားပေးမှုအချို့ကြောင့် သာကေတတွင် အစ္စလာမ်ဘာသာရေးစာသင်ကျောင်း၂ကျောင်းပိတ်

ဖိအားပေးမှုအချို့ကြောင့် သာကေတတွင် အစ္စလာမ်ဘာသာရေးစာသင်ကျောင်း၂ကျောင်းပိတ်

ယနေ့ ဧပြီလ ၂၈ ရက် ညနေပိုင်းက သာကေတမြို့နယ်၊ အနော်မာ(၁) ရပ်ကွက်မှာ ရပ်ကွက်ခံမဟုတ်သူတွေရဲ ့ဖိအားပေးမှုအချို ့ ဖြစ်ပွားပြီးတဲ့နောက် အစ္စလာမ်ဘာသာရေး စာသင်ကျောင်း ၂ကျောင်း ပိတ်လိုက်ရတယ်လို့ ကနဦး သိရပါတယ်။

ဒီလိုပိတ်လိုက်တာနဲ့ ပတ်သက်ပြီး တာဝန်ခံတဲ့ အဖွဲ ့အစည်းကို မဇ္ဈိမက အတည်ပြုနေဆဲ ဖြစ်ပါတယ်။

ဒီနေ ့ညနေမှာ ဖြစ်ပွားခဲ့ဖြစ်စဉ်ကြောင့် ပိတ်ခဲ့ရတဲ့ စာသင်ကျောင်း ၂ကျောင်းမှာ ကျောင်းသား ၅၀၀ခန် ့ရှိတယ်လို ့မော်လဝီတစ်ဦးဖြစ်တဲ့ ဦးထွန်းထွန်းဝင်းက မဇ္စျိမကိုပြောပါတယ်။ စာသင်ကျောင်းတွေမှာ ဘာသာရေး ဝတ်ပြုမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံမဟုတ်သူတွေက ချိတ်ပိတ်ဖို့ ဖိအားပေးခဲ့ကြတာ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားချိန်မှာ ရဲတပ်ဖွဲ ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ထိမ်းသိမ်းဆောင်ရွက်ခဲ့ပြီး ည ရနာရီခွဲလောက်မှာ အခြေအနေတည်ငြိမ်သွားခဲ့ပါတယ်။

စာသင်ကျောင်းပိတ်ဖို့ ဖိအားပေးတဲ့ အဖွဲ့ဟာ မဘသအဖွဲ့ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်းထွက်ပေါ်နေပါတယ်။ မဘသဗဟို ဦးဆောင်ဆရာတော် တစ်ပါးဖြစ်တဲ့ ဒေါက်တာ အရှင်တေဇနိယကတော့ ဒီဖြစ်စဉ်မှာ မဘသအဖွဲ့ ပါဝင်ပတ်သက်မှု လုံးဝမရှိဘူးလို့ မဇ္စျိမကို မိန့်ကြားပါတယ်။ အခြားအင်အားစုတစ်ခုက ဖိအားပေးတာ ဖြစ်နိုင်ပြီး အခြေအနေကို သေချာမသိရသေးဘူးလို့လည်း ပြောပါတယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required