ဘာသာရေးပြေငြိမ်းရေးအတွက် ကိုင်ရိုသို့ ပုပ်ရဟန်းမင်းကြီး ရောက်ရှိ

ဘာသာရေးပြေငြိမ်းရေးအတွက် ကိုင်ရိုသို့ ပုပ်ရဟန်းမင်းကြီး ရောက်ရှိ

ကိုင်ရို၊ ဧပြီ ၂၈ ။             ။ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်သို့ ဧပြီ ၂၈ ရက်တွင် ရောက်ရှိသည်။

ပုပ်ရဟန်းမင်းကြီးသည် မွတ်စလင်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ မြှင့်ရန်အတွက်လည်း ဖြစ်သကဲ့သို့ ဂျီဟတ်တိုက်ခိုက်မှုများကြောင့် အန္တရာယ်ကျရောက်နေသည့် ခရစ်ယာန်များအားလည်း ဖေးမအားပေးရန် ယခုကဲ့သို့ အီဂျစ်ခရီးစဉ် ရောက်ရှိခြင်းဖြစ်သည်။

ကိုင်ရိုလေဆိပ်မှတစ်ဆင့် မွတ်စလင်ခေါင်းဆောင်များနှင့် ခရစ်ယာန်ခေါင်းများကို သွားရောက်တွေ့ဆုံမည်ဖြစ်ကာ ထိုမှတစ်ဆင့် ဒီဇင်ဘာလအတွင်းက ဗုံးခွဲတိုက်ခိုက်ခံရသည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းသို့လည်း သွားရောက်ရန်ရှိသည်။

ဧပြီ ၂၉ ရက်တွင် လူစုလူဝေးကို တွေ့ဆုံရန်လည်း စီစဉ်ထားသည့် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ယခုအီဂျစ်သို့ ၂၄ နာရီလာရောက်ခရီးစဉ်သည် ဒေသတွင်း ခရစ်ယာန်များကို အားဖြစ်စေမည်ဖြစ်သကဲ့သို့ မွတ်စလင်များထံသို့လည်း ညီရင်းအစ်ကိုဆက်ဆံရေးအတွက် သတင်းစကားဖြစ်မည် မျှော်လင့်ကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required