နျူကလီးယားကပ်ဘေးဆိုက်ရောက်လာနိုင်သည် သတိပေးကာ အာဆီယံနိုင်ငံများ၏ ထောက်ခံမှု မြောက်ကိုရီးယား ပန်ကြား

နျူကလီးယားကပ်ဘေးဆိုက်ရောက်လာနိုင်သည် သတိပေးကာ အာဆီယံနိုင်ငံများ၏ ထောက်ခံမှု မြောက်ကိုရီးယား ပန်ကြား

ပြံုယမ်း၊ ဧပြီ ၂၈ ။           ။ အမေရိကန်နှင့် ရင်ဆိုင်နေရာတွင် နျူကလီးယားကပ်ဘေး ကြံုနိုင်လာနိုင်ကြောင်း သတိပေးလျက် မြောက်ကိုရီးယားနိုင်ငံက အာဆီယံနိုင်ငံများ၏ ထောက်ခံမှုကို ပန်ကြားတောင်းခံကြောင်း အေအက်ဖ်ပီက ရရှိသည့် စာအရ သိရသည်။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံအတွင်းရေးမှူးထံသို့ လိပ်မူသောစာတွင် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက ဝါရှင်တန်၏ အပြုအမူလုပ်ဆောင်ချက်များကြောင့် ကိုရီးယားကျွန်းဆွယ်သည့် စစ်ပွဲချောက်နှုတ်ခမ်းပါးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတိပေးရေးသားသည်။

ရီယောင်ဟို၏ စာတွင် အမေရိကန်-တောင်ကိုရီးယားစစ်ရေးလေ့ကျင့်မှုကို ဝေဖန်ပြစ်တင်လျက် အာဆီယံအကြီးအကဲအနေဖြင့် အဖွဲ့ဝင်ဆယ်နိုင်ငံမှ ခေါင်းဆောင်များကို အလွန်စိုးရိမ်ဖွယ်ကောင်းသော အခြေအနေအား သတင်းပေးပြောကြားရန် တိုက်တွန်းမေတ္တာရပ်ခံထားသည်။

မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ်မှုများနှင့် အမေရိကန်၏ တု့ံပြန်ပြောဆိုမှုများကြောင့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဒေသတွင်း တင်းမာမှုက ရေချိန်မြင့်တက်လာလျက်ရှိသည်။

မတ် ၂၃ ရက် ရက်စွဲဖြင့် မြောက်ကိုရီးယားနိုင်ငံခြားရေး၏ ယခုစာကို ဖိလစ်ပိုင်တွင် အာဆီယံထိပ်သီးအစည်းအဝေး မစတင်မီ အေအက်ဖ်ပီက ဧပြီ ၂၇ ရက်တွင် ရရှိခဲ့ခြင်းဖြစ်သည်။

အာဆီယံထိပ်သီးအစည်းအဝေးတွင် ကိုရီးယားကျွန်းဆွယ်အရေး ဆွေးနွေးကြဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required