ကစားသမားသစ်များက မန်ယူအသင်းကို ပြီးခဲ့သည့် ရာသီကထက် ပိုမိုကောင်းမွန် စေလိမ့်မည်ဟု ရွန်နီပြော

ကစားသမားသစ်များက မန်ယူအသင်းကို ပြီးခဲ့သည့် ရာသီကထက် ပိုမိုကောင်းမွန် စေလိမ့်မည်ဟု ရွန်နီပြော

မန်ယူအသင်းခေါင်းဆောင် ဝိန်းရွန်နီက ယခုအပြောင်းအရွှေ့တွင် ဝယ်ယူခဲ့သည့် ကစား သမားသစ်များသည် မန်ယူအသင်းကို ပိုမိုကောင်းမွန်လာအောင် ပြုလုပ်ပေး လိမ့်မည်ဖြစ်ကြောင်းပြော ဆိုလိုက် သည်။

ထိုကစားသမားသစ်များကြောင့် ရွန်နီသည် စိတ်လှုပ်ရှားလျက်ရှိပြီး ရာသီသစ်တွင် အဓိက ဆုဖလားများကို စိန်ခေါ်နိုင်မည်ဟုလည်း ယုံကြည်နေသည်။

မန်ယူတီဗီနှင့် အင်တာဗျူးတွင် ရွန်နီက “ဒီရာသီမှာ ကျွန်တော်တို့ ကစားသမားသစ်တွေ ဝယ်ယူထားပါတယ်။ သူတို့က အရည်အချင်းရှိတဲ့ ကစားသမားတွေပါ။ အသင်းကို မနှစ်ကထက် ပိုမိုကောင်း မွန်အောင် သူတို့က တွန်းတင်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီကစားသမားတွေဟာ နည်းပြ ဗန်ဟားလ် ဘာကို လိုချင်သလဲဆိုတာ သိကြပါတယ်။

“ဗန်ဟားလ်ရောက်ခါစ ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် ပထမ တစ်လ၊ နှစ်လလောက်မှာ အခက်အခဲ တွေ ရှိခဲ့ပါတယ်။ အခုတော့ နည်းပြက ဘာကိုလိုချင်သလဲဆိုတာ ကျွန်တော်တို့ အပြည့်အဝ နားလည်နေပါ ပြီ။ အခု ကစားသမားသစ်တွေလည်း ထပ်ခေါ်ထားလို့ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ အခု အချိန်မှာ တောင့်တင်းတဲ့ အသင်းတစ်သင်းကို ရရှိနေပြီလို့ ခံစားရပါတယ်။ ရာသီသစ်မှာ အောင်မြင် မှုတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုအချိန်က အသင်းအတွက် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အချိန်လို့ ထင်ပါတယ်” ဟု ပြောသည်။

မန်ယူအသင်းသည် ပီအက်စ်ဗီမှ တိုက်စစ်ကစားသမား ဒီပေးကို ပေါင် ၂၅ သန်း၊ ဆောက်သမ် တန် ကွင်းလယ်လူ ရှနိုက်ဒါလင်ကို ပေါင် ၂၅ သန်း၊ ဘိုင်ယန် ကွင်းလယ်လူ ရှဝိန်းစတိုင်ဂါကို ပေါင် ၁၄ သန်း၊ တိုရီနိုနောက်ခံလူ ဒါမီယန်ကို ပေါင် ၁၄ ဒသမ ၄ သန်း၊ ဆမ်ဒိုးရီးယားဂိုးသမားဟောင်း ရိုမီယိုကို အလွတ်ပြောင်းရွှေ့ကြေးတို့ဖြင့် ခေါ်ယူအားဖြည့်ထားသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly