မော်ဒယ်ရွှေမြင့်မိုရ် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းခံရ

မော်ဒယ်ရွှေမြင့်မိုရ် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းခံရ

ရန်ကုန်၊ ဧပြီ ၂၈ ။           ။ မော်ဒယ် သရုပ်ဆောင် ရွှေမြင့်မိုရ်ကို ဧပြီ ၂၇ ရက်တွင် ၎င်း နေထိုင်ရာ တာမွေမြို့နယ်ရှိ တိုက်ခန်း၌ မူးယစ်ဆေးဝါးအမှုဖြင့် လက်ရှိတွင် တာမွေမြို့မ ရဲစခန်း၌ ဖမ်းဆီးခံထားရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ မော်ဒယ် ရွှေမြင့်မိုရ်နေထိုင်ရာ  မ/ ၃၇-၅ လွှာ တိုက်ခန်းသို့ မူးယစ်ရဲတပ်ဖွဲ့မှ သတင်းအရ ဧပြီ ၂၇ရက် ၂၁:ဝဝ အချိန်တွင် ၀င်ရောက်ရှာဖွေစစ်ဆေးရာ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ရသည်။

မူးယစ်ရဲတပ်ဖွဲ့မှ ၀င်ရောက်ဖမ်းဆီးချိန်၌ မော်ဒယ် သရုပ်ဆောင် ရွှေမြင့်မိုရ်အတူ အမျိုးသား ၂ ဦးရှိနေခဲ့ပြီး ရွှေမြင့်မိုရ်အပါအဝင် ၃ ဦးတို့ကို မယ (ပ) ၁၉/၂၀၁၇ ၊ မူးစိတ်ပုဒ်မ ၁၅/၁၆ (ဂ)/၂၁ တို့ဖြင့် အမှုဖွင့်ထားကြောင်း တာမွေမြို့မရဲစခန်းမှ သိရသည်။

ရွှေမြင့်မိုရ်သည် Photo Model ပိုင်းကို အဓိကထား လုပ်ကိုင်လျက် ရှိပြီး ၂၀၁၀ ခုနှစ်တွင် Miss Mandalay Queen ဆုကို ရရှိပြီး အနုပညာလောကထဲသို့ ၀င်ရောက်လာသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly