နာမည်ကျော် Star Wars ဇာတ်ကောင် Darth Vader ရွှေမျက်နှာဖုံး ဂျပန်မှာ ရောင်းချ

နာမည်ကျော် Star Wars ဇာတ်ကောင် Darth Vader ရွှေမျက်နှာဖုံး ဂျပန်မှာ ရောင်းချ

ဧပြီ ၂၈ ။         ။ ရွှေအစစ်နဲ့ ဖန်တီးထားတဲ့ Star Wars ဇာတ်ကောင် Darth Vader မျက်နှာဖုံးတစ်ခုကို ဂျပန်မှာ ရောင်းချပေးသွားတော့မှာဖြစ်ပါတယ်။ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားရဲ့ နာမည်အကြီးဆုံး ဗီလိန်ဇာတ်ကောင်ရဲ့ ယခုလိုတစ်ခုတည်းသော ရွှေမျက်နှာဖုံးအတွက် ရောင်းစျေးကိုတော့ ဒေါ်လာ ၁ ဒသမ ၄ သန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အလေးချိန် ၁၅ ကီလို (၃၃ ပေါင်) ရှိ ယင်း ရွှေမျက်နှာဖုံးကိုတော့ ဂျပန် လက်ဝတ်ရတနာ ဖန်တီးရောင်းချရေးလုပ်ငန်း ဂျင်ဇာ တာနာကာက ထုတ်ဖော်ပြသသွားတာဖြစ်ပါတယ်။ Star Wars ဇာတ်ကား ထုတ်လုပ်မှု အနှစ် ၄၀ ပြည့်မြောက်တဲ့အထိမ်းအမှတ်အနေနဲ့ ယခုလို Darth Vader မျက်နှာဖုံးကို ရွှေနဲ့ပြုလုပ်ပြီး ရောင်းချဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ယင်း မျက်နှာဖုံးစွပ်ကိုတော့ လာမယ့် မေလထဲမှာ ၀ယ်ယူရရှိနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ယင်းလက်ဝတ်ရတနာလုပ်ငန်းအနေနဲ့ ယခုလို နှစ်ပတ်လည်အခမ်းအနားကျရောက်တဲ့အထိမ်းအမှတ်အနေနဲ့ ၀ယ်ယူမယ့်သူတွေ လက်လှမ်းမီနိုင်လောက်တဲ့ စျေးနှုန်းမျိုးနဲ့ ရွှေဒင်္ဂါးပြားတွေကိုပါ ထုတ်လုပ်ရောင်းချပေးသွားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly