နယူးဇီလန်မှ ဆယ်ကျော်သက်များ 13 Reasons Why ဇာတ်ကားကို ၄င်းတို့၏မိဘများနှင့်သာ ကြည့်ရှုနိုင်မည်

နယူးဇီလန်မှ ဆယ်ကျော်သက်များ 13 Reasons Why ဇာတ်ကားကို ၄င်းတို့၏မိဘများနှင့်သာ ကြည့်ရှုနိုင်မည်

13 Reasons Why ဇာတ်ကားအား ပြန်လည်အဆင့်သတ်မှတ်ချက်အပြီးတွင် နယူးဇီလန်နိုင်ငံမှ ၁၈နှစ်အောက် လူငယ်များသည် ယင်းဇာတ်ကားကို ၄င်းတို့၏ မိဘများနှင့်သာ ကြည့်ရှုနိုင်မည်ဖြစ်သည်။

နယူးဇီလန်နိုင်ငံ၏ ရုပ်ရှင်နှင့်စာပေအဆင့်သတ်မှတ်ရေးရုံးမှ ယင်းဇာတ်ကားကို RP18 အဖြစ် အဆင့်သတ်မှတ် ခဲ့ပြီးနောက်တွင် ယခုလိုကြေညာခဲ့ခြင်းဖြစ်သည်။

13 Reasons Why ဇာတ်လမ်းသည် အလွန်အောင်မြင် လူကြိုက်များသော ဇာတ်လမ်းဖြစ်သော်လည်း အငြင်းပွားစရာများနှင့်လည်း ပြည့်နှက်နေသည်။ ထိုဇာတ်ကားတွင် ဇာတ်ဆောင်ဆယ်ကျော်သက် မိန်းကလေး တစ်ဦးသည် သူငယ်ချင်းများ၊ မိသားစုနှင့် အတန်းဖော်များကြောင့် မိမိကိုယ်ကို သေကြောင်းကြံခဲ့ရပုံကို ပုံဖော် ထားသည်။

ဖွံ့ဖြိုးတိုးတက်ပြီးသောနိုင်ငံများထဲတွင် နယူးဇီလန်နိုင်ငံသည် ဆယ်ကျော်သက်များ မိမိကိုယ်ကိုသေကြောင်းကြံ မှုနှုန်း အမြင့်ဆုံးရှိသော နိုင်ငံတစ်ခုဖြစ်ပြီး ထိုအတွက်ကြောင့် ယင်းဇာတ်ကားကို ယခုလို အဆင့်သတ်မှတ်ခဲ့ရ ခြင်းဖြစ်သည်။

“မိမိကိုယ်ကိုသေကြောင်းကြံမှုအား တားမြစ်ထားပါတယ်။ သေကြောင်းကြံတဲ့ လူအများစုဟာ ဆင်ခြင်တုံတရား ဖြင့် တွေးတောခဲ့ခြင်းမရှိကြပါဘူး။ ဒါကြောင့် သူတို့ဟာ ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်ကြပါ ဘူး” ဟု ရုပ်ရှင်နှင့်စာပေအဆင့် သတ်မှတ်ရေးရုံးမှ ထုတ်ပြန်ခဲ့သည်။

ဗြိတိန်တွင်လည်း 13 Reasons Why ဇာတ်ကားသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ သွေးထွက်သံယို ပြကွက်များနှင့် သေကြောင်းကြံသည့် ပြကွက်များကြောင့် ၁၈နှစ်ပြည့်မှသာ ကြည့်ရှုရန် ဗြိတိန်ဆင်ဆာအဖွဲ့မှ သတ်မှတ်ထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required