ငြိမ်းချမ်းရေးအတွက် စက်ဘီးသမားများ အရှေ့အလယ်ပိုင်းတွင် စက်ဘီးလှည့်လည်စီးနင်း

ငြိမ်းချမ်းရေးအတွက် စက်ဘီးသမားများ အရှေ့အလယ်ပိုင်းတွင် စက်ဘီးလှည့်လည်စီးနင်း

ဧပြီ ၂၈ ။         ။ အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေးရရှိဖို့ လှုံ့ဆော်ရန်အတွက် စက်ဘီးသမားအုပ်စုတစ်စုသည် ဂျော်ဒန်၊ အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ ပိုင်နက်နယ်မြေများထဲတွင် ရက်ရှည် စက်ဘီးလှည့်လည်စီးနင်းခဲ့ကြသည်။

တစ်ဒါဇင်ခန့်ရှိသော စက်ဘီးသမားများသည် လာမည့် ၂၀၁၈ မတ်လတွင် ကျင်းပမည့် အဓိကပြိုင်ပွဲကြီး အတွက် ကြိုတင်လေ့လာသည့်အနေနှင့်ရော ကြော်ငြာသည့်အနေဖြင့်ပါ ရည်ရွယ်ပြီး ငါးရက်တာခန့် စက်ဘီး နင်းခဲ့ခြင်းဖြစ်ကာ နောက်နှစ်ကျင်းပမည့် ရက်ရှည်ပြိုင်ပွဲတွင် အီဂျစ်နိုင်ငံ နယ်နမိတ်ထဲအထိ ပါ၀င်ယှဉ်ပြိုင်သွား မည်ဖြစ်သည်။

အဆိုပါ စက်ဘီးလှည့်လည်စီးနင်းခြင်းအား ဂျော်ဒန်နိုင်ငံမြို့တော် အမ်မန်မှ စတင်တာထွက်ခဲ့ပြီး သောကြာနေ့ တွင် စက်ဘီးသမားများသည် အစ္စရေးတောင်ပိုင်းနှင့် သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတို့ကို ဖြတ်ကာ ဂျေရုစလမ်သို့ ရောက်ရှိမည်ဖြစ်သည်။

“ကမ္ဘာတစ်ဝန်းလုံးဟာ အားကစားနဲ့ပက်သက်လာရင် အားကောင်းတဲ့ လှု့ံဆော်မှု၊ အပေါင်းလက္ခဏာဆောင်တဲ့ လှု့ံဆော်မှုနဲ့ ရိုးရှင်းတဲ့ လှု့ံဆော်မှုတွေရှိတယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု ပွဲစီစဉ်သူ သြစတြီးယား လူမျိုး ဂါဟတ်ဒ်စခိုယန်ဘာချာ က ပြောခဲ့သည်။

ဒါ့အပြင် “ အားကစားဟာ နိုင်ငံရေးနဲ့ ဘာသာရေးလို ရှုပ်ထွေးမှုမရှိပါဘူး” ဟု သူက ဆက်ပြောခဲ့သည်။

ပွဲစီစဉ်သူများ၏အဆိုအရ နောက်နှစ်တွင် ကျင်းပမည့် အဓိကပြိုင်ပွဲကြီးသည် အဆိုပါဒေသတွင်း၌ ငြိမ်းချမ်းရေး ကို ဖော်ဆောင်ဖို့ လှု့ံဆော်အားပေးသည့်အနေဖြင့် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ပြိုင်ပွဲထဲမှာ ကျမတို့ ရင်ဆိုင်ယှဉ်ပြိုင်ကြပါတယ်။ ဒါပေမယ့် ပွဲပြီးတဲ့အခါမှာတော့ ကျမတို့ မိတ်ဆွေပြန်ဖြစ်သွား ကြပါတယ်။ ပြိုင်ပွဲထဲမှာဆိုရင်လည်း ကျမတို့ဟာ ကောင်းမွန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ” ဟု ဒတ်ချ်လူမျိုး စက်ဘီးသမား အန်နီမိတ်ခ်ဗန်ဗလူတန်က ပြောခဲ့သည်။

“အဲ့လိုမျိုးကောင်းမွန်တဲ့ အခြေအနေလေးတွေကို အရှေ့အလယ်ပိုင်းဒေသထံ ယူဆောင်လာနိုင်မယ်ဆိုရင် အရမ်းကောင်းမှာပဲလို့ ကျမထင်မြင်မိပါတယ်” ဟု သူမက ဆက်ပြောခဲ့သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required