အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်သို့ ရောက်ရှိ

အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်သို့ ရောက်ရှိ
ဓာတ်ပုံ-Ministry of Foreign Affairs Myanmar

ဧပြီ ၂၈ ။             ။ ဧပြီလ ၂၉ ရက်မှာ ကျင်းပမယ့် အကြိမ် ၃၀ မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးများကို တက်ရောက်ဖို့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ ဧပြီလ ၂၈ ရက်မှာပဲ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

ယခုနှစ်အတွက် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာတော့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် တို့က ခေါင်းဆောင်တွေလည်း အသီးသီးတက်ရောက်လာကြမှာ ဖြစ်ပါတယ်။

" အပြောင်းအလဲအတွက် ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာကြီးကို ချိတ်ဆက်ဆောင်ရွက်ခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ယခုဆယ်နိုင်ငံခေါင်းဆောင်များအုပ်စု ထိပ်သီးအစည်းအဝေးမှာတော့ ဒေသတွင်းနဲ့ နိုင်ငံတကာအရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly