Superman Returns အစီအစဉ်ကို ဆက်လက် ရိုက်ကူးသွားမယ့်ဆောင်အီဂွတ် (ဂျူမုံ)

Superman Returns အစီအစဉ်ကို ဆက်လက် ရိုက်ကူးသွားမယ့်ဆောင်အီဂွတ် (ဂျူမုံ)

ဆိုးလ်၊ ဇူလိုင် ၃၀ ။            တောင်ကိုရီးယားမင်းသား ဆောင်အီဂွတ် (ဂျုမုံ) သည် KBS ရုပ်သံ၏ ဒရမ်မာဇာတ်ကား Jang Yong Sil တွင် ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သော်လည်း Superman Returns အစီအစဉ်ကို ဆက်လက်ရိုက်ကူးသွားမည်ဖြစ်ကြောင်း Superman Returns အစီအစဉ် ထုတ်လုပ်သူ ကင်ဘောင်ကူက Stat News ကို ဇူလိုင် ၂၉ ရက်တွင် ပြောကြားသည်။

ဂျူမုံနှင့် ၎င်း၏ သုံးမြွာပူး သားသုံးယောက်သည် Superman Returns အစီအစဉ်ကို ဆက်လက်ရိုက်ကူးသွားမည်ဖြစ်သည့်အတွက် ဂျုမုံကို ကျေးဇူးတင်ပါကြောင်း ထုတ်လုပ်သူက ပြောကြားသည်။

“ကျွန်တော် ဇူလိုင် ၂၈ ရက်က ဆောင်အီဂွတ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆောင်အီဂွတ် Jang Young Sil ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ အတည်ပြုပြောခဲ့တဲ့အတွက် ကျွန်တော် ဂုဏ်ပြုပါတယ်” ဟု ကင်ဘောင်ကူက ပြောကြားသည်။

“ဆောင်အီဂွတ်ဟာ Jang Young Sil ဇာတ်ကားနဲ့ Superman Returns အစီအစဉ်တို့မှာ ပါဝင် သရုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ကျွန်တော် သူ့ကို ကျေးဇူူးတင်ပါတယ်။ ဆောင်အီဂွတ်ဟာ Jang Young Sil ဇာတ်ကားအတွက် တကယ့်ကို သင့်တော်တဲ့ မင်းသား တစ်ယောက်ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ အကောင်းဆုံး လုပ်ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဆောင်အီဂွတ် ဟာ တစ်ချိန်တည်းမှာ အစီအစဉ် နှစ်ခုစလုံးကို ဆက်လက်ရိုက်ကူးသွား မယ်လို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်” ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly