ပြည်​မြို့ NLD ပြန်​ကြား​ရေးတာဝန်​ခံ၏ ၆၆(ဃ) အမှု လိုပြသက်​​သေတစ်​ဦး ထပ်​မံ စစ်​​ဆေး

ပြည်​မြို့ NLD ပြန်​ကြား​ရေးတာဝန်​ခံ၏ ၆၆(ဃ) အမှု လိုပြသက်​​သေတစ်​ဦး ထပ်​မံ စစ်​​ဆေး

ပြည်၊ ဧပြီ ၂၈ ။            ။ ပဲခူးတိုင်​း ပြည်​ခရိုင်၊  ပြည်​မြို့နယ်​ NLD အလုပ်​အမှုဆောင်​ပြန်​ကြား​ရေးတာဝန်ခံ ကို​ကျော်​​ကျော်​ဉာဏ်​ဝင်​းကို  အီလက်​ထ​ရောနစ်​ ဥပ​ဒေပုဒ်​မ ၆၆ ဃ နှင်​့ တရားစွဲဆိုသည်​့အမှုအတွက်​  ဧပြီလ ၂၇ ရက်​ က တရားလိုပြသက်​​သေတစ်​ဦးကို ထပ်​မံစစ်​​ဆေးခဲ့သည်​။

၂၀၁၆ ​မိုးရာသီ ပြည်​မြို့ ရေကြီး ချိန်​က ကို​ကျော်​​ကျော်​ဉာဏ်​ဝင်​းသည်​"နဝင်​းဝါရုံ ရေ​ဘေးကယ်​ဆယ်​​ရေးစခန်​းသို့ လှူဒါန်​း​သော ​ငွေ​ကြေးနှင်​့ပစ္စည်​းများ မရ "​ခေါင်​းစဉ်​ဖြင်​့ ​လူမှုကွန်​ယက်​​ဖေ့ဘွတ်​စာမျက်​နှာတွင်​​​ရေးသားဖော်​ပြခဲ့သည်​။

"ပစ္စည်​းနဲ့​ငွေ​ကြေး​တွေမရဘူးလို့ NLD ရုံးကို တိုင်​တန်​းလာ​တော့ ကယ်​ဆယ်​​ရေးစခန်​းမှာလုပ်​​နေသူ ​တွေကို ဖုန်​းနဲ့ လှမ်​း​မေးတယ်​။ အဝတ်​အစားနဲ့ ပစ္စည်​း​တွေက​တော့ ဒီပြင်​​နေရာကို ပြန်​လှူတယ်​။ ပိုက်​ဆံတစ်​သိန်​းက​တော့ မသိဘူး​ဖြေတယ်​။ အဲဒီမှာ ကျွန်တော် ရေ​ဘေးဒုက္ခသည်​​တွေကို ပိုက်​ဆံအ​ကြောင်​း​မေး​တော့ ​အေးမြသာယာရွာရာအိမ်​မှူး ဦး​မောင်​​မောင်​က သိမ်​းထားတယ်​ ​ပြောလို့ ​ဖေ့ဘွတ်​က​နေ တင်​လိုက်​တယ်​"ဟု ဆိုသည်​။

​အေးမြသာယာ ရပ်​ကွက်​ရာအိမ်​မှူး ဦး​မောင်​​မောင်​ (လူမှုကူညီ​ရေးအဖွဲ့ဝင်​) က တရားလိုပြုလုပ်​၍ ပြည်​မြို့နယ်​ NLD ပြန်​ကြား​ရေးတာဝန်​ခံ ကိုကျော်​​ကျော်​ဉာဏ်​ဝင်​း နှင်​့ Copy Text  ဖြင်​့ ကူးယူ​ဖော်​ပြသူ ​မောင်​ရှိန်​းမင်​းပိုင်​တို့ကို တိုင်​တန်​းခဲ့သည်​။

 ပြည် ​မြို့နယ်​တရားရုံး ၌ ရာဇဝတ်​ကြီး အမှတ်​ ၆၃၆၇/၂၀၁၆ ဖြင်​့ မြို့နယ်​တရားသူကြီး ​ဒေါ်ချိုချိုသင်​း က စစ်​​ဆေး​နေပြီး အမှုရုံးတင်​သည်​့နေ့မှာပင်​ စွပ်​စွဲခံရသူများကို အာမခံ​ပေးခဲ့သည်​။

ဧပြီလ ၂၇ ရက်​ ၊ ရုံးချိန်​း ၁၁ ချိန်​း ​မြောက​်​​နေ့တွင်​ တရားလိုပြသက်​​သေ လူမှုကူညီ​ရေးအဖွဲ့ ဝင်​ တစ်​ဦးဖြစ်​သူ ကို​နေဇာကို စစ်​​ဆေးခဲ့သည်​။

တရားလို ဘက်​မှသက်​​သေ ကို​နေဇာ က "အများဆုံးဖြတ်​ချက်​အရ  စာ​ရေးကရိယာများနှင်​့ ငွေတစ်​သိန်​းကို ကယ်​ဆယ်​​ရေးစခန်​းဖွင်​့ထား​သော စာသင်​​ကျောင်​းအားလှူဒါန်​းခဲ့ပြီး အဝတ်​ထုပ်များကို မိုးညို ၊ သံပုရာကုန်​း ၊ ​ညောင်​ကန်​​ကျေးရွာ ​ရေ​ဘေးကယ်​ဆယ်​​ရေးစခန်​းများသို့ ပြန်​လည်​လှူဒါန်​းခဲ့​ကြောင်​း "တရားရုံးတွင်​ ထွက်​ဆိုခဲ့သည်​ဟု​ပြောသည်​။

"ကယ်​ဆယ်​​ရေးစခန်​းဖွင်​့ တုန်​းကလည်း  မြို့နယ်​ NLD က တစ်​​ယောက်​မှမလာခဲ့ ဘူး ။ အခု လူကလည်း  ထမင်​း တစ်​ထုပ်၊ ရေတစ်​ဗူး​တောင်​ လာမ​ပေးဘူး ။ သူများ​ပြောစကားနဲ့ ​ဖေ့ဘွတ်​တင်​လိုက်​တာ "ဟုလည်​း ၄င်​းကဆိုသည်​။

သို့သော်​ NLD  ရုံးသို့ ရေ​ဘေးသင်​့အိမ်​​ထောင်​စု ၂၀ ၏ တိုင်​ကြားမှုများရှိသည်​့အတွက်​ " အများဆုံးဖြတ်​ချက်​ဆို​ပေမယ့် အကုုန်​လုံးမဟုတ်​ဘူး​​လေ"ဟု ပြန်​လည်​တုံ့ပြန်​ခဲ့သည်​။

အ​ကြောင်​းအရာကိစ္စနှင်​့့့့ ပတ်​သတ်​ပြီး ​​ဦး​မောင်​​မောင်​ပါ ပရဟိတအဖွဲ့ ဝင်​ ၆ ဦးကို ​ငွေအလွဲသုံးစားမှုဖြင်​့ ကိုကျော်​​ကျော်​ဉာဏ်​ဝင်​းက လည်​း​ကောင်​း ၊ ​ရေ​ဘေးသင်​့ ပြည်​သူတစ်​ဦး က လည်​း​ကောင်​း နှစ်​ကြိမ်​တိုင်​ တိုင်​ကြားခဲ့ပြီီိး ပြည်​မြို့နယ်​တရားရုံးက နှစ်​ကြိမ်​လုံး ပလပ်​ခဲ့သည်​။

လူမှုအဖွဲ့ ဝင်​များကလည်​း ကို​ကျော်​​ကျော်​ဉာဏ်​ဝင်​းအပါအဝင် NLD ပါတီဝင်​အချို့ကို အ​ရေးယူရန်​ ဆန္ဒပြခြင်​း၊ ပါတီဗဟိုရုံးသို့ တိုင်​တန်​းခြင်​းများ ပြုလုပ်​ခဲ့သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required