ပြန်ကြားရေးဝန်ကြီးဌာနက မေ ပထမပတ်အတွင်း ဒစ်ဂျစ်တယ်သတင်းစာ ထုတ်တော့မည်

ပြန်ကြားရေးဝန်ကြီးဌာနက မေ ပထမပတ်အတွင်း ဒစ်ဂျစ်တယ်သတင်းစာ ထုတ်တော့မည်

နေပြည်တော်၊ ဧပြီ ၂၇ ။              ။ ပြန်ကြားရေးဝန်ကြီးဌာနမှ မေလပထမပတ်အတွင်း ဒီဂျစ်တယ်သတင်းစာ စတင်ထုတ်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက ဦးဆောင်ညွန်ကြား ရေးမှူး ဦးကျော်စိုးကပြောသည်။ 

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ဧပြီလ ၂၆ရက်က ကျင်းပပြုလုပ်သော အစိုးရ၏ တစ်နှစ်ပြည့်ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကို ပြန်လည်ရှင်းလင်းပွဲတွင် ၎င်းကပြောခြင်းဖြစ်သည်။

“မေ First week ကို ကျွန်တော်တို့ လုပ်ဖို့ရှိပါတယ်။ ဒုတိယအဆင့်ကတော့ ပိုပြီးတော့ ပြည့်စုံအောင် အချိန်လေး အတိုင်းအတာတစ်ခုယူပြီးတော့ ပြန်ပြီးတော့တင်ပြပါမယ်။ ဒါကိုလည်းလုပ်တဲ့အချိန်မှာလည်း ကျွန်တော်တို့ ဒီမီဒီယာများကို ကျွန်တော်တို့သက်ဆိုင်ရာ Partner နဲ့ပေါင်းပြီးတော့ ဖိတ်ခေါ်ပါမယ်။ လုပ်ပြီးတော့ ကျွန်တော်တို့လိုအပ်တာတွေနဲ့ပေါင်းစပ်ပြီးတော့ ပွင့်ပွင့်လင်းနဲ့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ နေပြည်တော်မှာပဲ ကျွန်တော်တို့ မိတ်ဆက်ပွဲလုပ်မှာပါ” ဟုဆိုသည်။

စာဖတ်သူအများစုက စာရွက်ကိုင်ဖတ်ရသည့် သတင်းစာများအစား ဖုန်းကိုသာ အားပြုနေကြသည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း ခေတ်နောက်ကျ မကျန်ခဲ့စေရန် ယခုကဲ့သို့ ဒစ်ဂျစ်တယ်သတင်းစာထုတ်ရခြင်းဖြစ်သည်ဟု  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ကရှင်းပြသည်။ 

သို့သော် ယင်းသို့လုပ်ဆေင်မှုမှာ ပုဂ္ဂလိက မီဒီယာများကို ပြိုင်ဆိုင်လိုသည့်သဘောနှင့် ဆောင်ရွက်ခြင်းမဟုတ်ကြောင်း ၎င်းက ဆိုသည်။ 

“ကျွန်တော်တို့ ဒါကိုလည်း up to date အများနည်းတူဖြစ်အောင် ကြိုးစားတာပါ။ ကျွန်တော်တို့ဟာ သတင်းစာတွေရှိရဲ့သားနဲ့ ထပ်ပြီးတော့ ဘာညာလုပ်နေတယ်ဆိုတာ စီးပွားရေးသဘော ဘာသဘော ညာသဘော ပုဂ္ဂလိကနဲ့ ပြိုင်ဆိုင်တဲ့သဘော စသဖြင့် အဲ့ဒီလို ဘယ်လိုမှ မယူဆစေချင်ဘူး” ဟု ဝန်ကြီးကဆိုသည်။ 

ယနေ့ မြန်မာနိုင်ငံသည် ခေတ်စနစ်နဲ့အညီ လျှောက်လှမ်းနေသည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် တစ်ကမ္ဘာလုံးရှိ စာဖတ်ပရိတ်သတ်များထံသို့ သတင်းများကို အချိန်နှင့်တပြေးညီ ပရင့်မီဒီယာအပြင် ဒီဂျစ်တယ်သတင်းစာ အနေဖြင့်လည်း ဖတ်ရှုနိုရန်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဦးကျော်စိုးကဆိုသည်။

“အခုကျွန်တော်တို့ တိုင်းပြည်ကလည်း ခေတ်စနစ်နဲ့ အညီလိုက်နိုင်ဖို့ အတွက် ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ အခုလက်ရှိလုပ်နေတဲ့ ပရင့်မီဒီယာအပြင်ကို ကျွန်တော်တို့စာဖတ်ပရိတ်သတ်ပေါ့နော်။ ကျွန်တော်တို့စာဖတ်ပရိတ်သတ်ကို ပြည်တွင်းမှာရော ပြည်ပမှာပါ တစ်ကမ္ဘာလုံးကနေပြီးတော့ ကျွန်တော်တို့ ဒီနိုင်ငံတော်ကနေပြီးတော့ ဆောင်ရွက်နေတဲ့ အနေအထားလေးတွေ ဒီကဆောင်ရွက်နေတဲ့ အနေအထားလေးတွေကို မြန်မြန်ဆန်ဆန်နဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ပေးနိုင်ဖို့အတွက်ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ဒီဂျစ်တယ်သတင်းစာကို အဆင့်နှစ်ဆင့်အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအဆင့်နေဖြင့် Content အကြောင်းအရာများကို အပြားလိုက် Page by page ဖတ်နိုင်အောင်စီစဉ်သွားမည်ဖြစ်သည်။ ဒုတိယအဆင့်အနေဖြင့် အချိန်အတိုင်းအတာအကြာတွင် Portal တစ်ခုတည်ဆောက်သွားပြီး Update သတင်းများတွေကို ပြည့်ပြည့်စုံစုံ မြိုင်မြိုင်ဆိုင်ဆိုင် တင်ပြသွားနိုင်အောင် ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly