Mission: Impossible 6 တွင် ပါဝင်သရုပ်ဆောင်သွားမယ့် တွမ်ခရုစ်

Mission: Impossible 6 တွင် ပါဝင်သရုပ်ဆောင်သွားမယ့် တွမ်ခရုစ်

ကမ္ဘာကျော် မင်းသားကြီး တွမ်ခရုစ်က Mission: Impossible 6 ဇာတ်ကားတွင် ပါဝင်သရုပ် ဆောင်သွားမည်ဖြစ်ကြောင်း The Daily Show အစီအစဉ်တွင် အတည်ပြုပြောကြားသည်။

“ကျွန်တော်တို့ အခုက စပြီးတော့ ဇာတ်ကားရိုက်ကူးဖို့ စတင်လုပ်ဆောင်နေပါတယ်။ လာမယ့် နွေရာသီလောက်မှာ စတင်ရိုက်ကူးသွားနိုင်ဖွယ် ရှိပါတယ်” ဟု အသက် ၅၃ နှစ်အရွယ်ရှိ တွမ်ခရုစ်က ပြောကြားသည်။

Mission: Impossible ဇာတ်ကားများကို ၁၉၉၆၊ ၂၀၀၀၊၂၀၀၆ နှင့် ၂၀၁၁ ခုနှစ်တို့က ထုတ် လွှင့်ပြသခဲ့ကြောင်းနှင့် Mission: Impossible –Rogue Nation ဇာတ်ကားကို ဇူလိုင် ၃၁ ရက် တွင် ပြသသွားမည်ဖြစ်သည်။

တွမ်သည် အနက်ရောင် အင်္ကျီလက်ရှည်ကို ဝတ်ဆင်ထားကာ အင်္ကျီလက်ကို ခေါက်တင် ထားကြောင်းနှင့် အင်္ကျီနှင့် လိုက်ဖက်အောင် အနက်ရောင် ဘောင်းဘီနှင့် အနက်ရောင် ရှုးဖိနပ်ကို ဝတ်ဆင်ထားကာ စတိုင်ကျ လှပနေသည်။

တွမ်ခရုစ်သည် မကြာမီထုတ်လွှင့်ပြသမည့် ၎င်းပါဝင်သရုပ်ဆောင်ထားသော Mission: Impossible –Rogue Nation ဇာတ်ကား အရောင်းမြှင့်တင်ရေးအတွက် The Daily Show အစီအစဉ်တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

တွမ်ခရုစ်ကို ဟာသ သရုပ်ဆောင် ဂျွန်စတီးဝပ်က တွေ့ဆုံမေးမြန်းခဲ့ကြောင်းနှင့် တွေ့ဆုံ မေးမြန်းမှုအတွင်း တွမ်ခရုစ်က Mission: Impossible 6 ဇာတ်ကားတွင် ပါဝင်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

Mission: Impossible - Rogue Nation ဇာတ်ကားကို ဇူလိုင် ၃၁ ရက်တွင် ရုပ်ရှင်ရုံများ၌ ပြသသွားမည်ဖြစ်ပြီး အဆိုပါ ဇာတ်ကားတွင် အဲလက်စ်ဘလက်ဒ်ဝင်း၊ ဆိုင်မွန်ပက်၊ ဂျီရီမီရန်နာနှင့် ရီဘက်ကာဖာဂူဆန်တို့ ပါဝင်သရုပ်ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly