ဝင်ကြေးအခမဲ့ဖြင့် ကျင်းပမည့် 2017 Myanmar Guitar Festival

ဝင်ကြေးအခမဲ့ဖြင့် ကျင်းပမည့် 2017 Myanmar Guitar Festival
ဓာတ်ပုံ-သက်ကို

ရန်ကုန်၊ ဧပြီ ၂၇ ။            ။ 2017 Myanmar Guitar Festival ဟု အမည်ပေးထားသည့်ပွဲကို မေလ ၁ဝရက်တွင် ရန်ကုန်မြို့ရှိ ကန်တော်ကြီး မျှော်စင်ကျွန်း၌ ဝင်ကြေးအခမဲ့ဖြင့် ကျင်းပမည်ဟု ဧပြီ ၂၇ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။ 

ထိုဖျော်ဖြေပွဲကြီးကို အဆိုတော် ကောင်းဆက်မှ ဦးစီးကျင်းခြင်းဖြစ်ပြီး ဂစ်တာပညာရှင်များမှ တီးခတ်ဖျော်ဖြေကြမည်ဖြစ်ကာ အဆိုတော်များမှလည်း တေးသီချင်းများဖြင့် ပါဝင်ဖျော်ဖြေကြမည်ဖြစ်သည်။ 

အဆိုတော် ကောင်းဆက်က "အခု ရှိုးပွဲတွေက အဆိုတော်တွေကို အဓိကထား လုပ်ကြတယ်။ ဂစ်တာနဲ့ပတ်သက်ပြီး ပွဲလုပ်တာရှားတယ်။ အဲ့တာကြောင့် ဂစ်တာသမားတွေကို အဓိကထားပြီး လုပ်ဖြစ်တာပါ။ အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ထားပါတယ်" ဟု ပြောသည်။

ဂစ်တာပညာရှင်များ အနေဖြင့် ပက်ထရစ်၊ မြတ်စိုး၊ ဝင်းမော်၊ ကျော်ကျော်၊ ကျော်မင်း၊ Boy၊ နိုင်ဇော်၊ ဇော်လတ်၊ ရန်နိုင်၊ စန်းဝင်းအောင်၊ ညီညီထွေး၊ မင်းဦး၊ ဝဏ္ဏ၊ ရွှေထွဋ်တို့မှ တီးခတ်ကြမည် ဖြစ်သည်။

အဆိုတော်များအနေဖြင့် ကောင်းဆက်၊ Rဇာနည်၊ ဖိုးကာ၊ အိမ့်ချစ်၊ အရိုး၊ ဂျေမောင်မောင် တို့ ပါဝင်ဖျော်ဖြေကြမည် ဖြစ်သည်။

ဂစ်တာပညာရှင် ကိုနိုင်ဇော်က "ဂီတကို ချစ်မြတ်နိုးတဲ့သူတွေ လာနိုင်ပါတယ်။ မြူးဇစ်ကို အဓိကထားပြီး တီးပါမယ်။ ဒီပွဲက အရည်အချင်းထုတ်ပြရမယ့် ပွဲတစ်ခုပါပဲ" ဟု ပြောသည်။

2017 Myanmar Guitar Festival ကို မေလ ၁ဝရက်တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ ညနေ ၆နာရီမှ စတင်ပြီး ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required