ဗုံးသီးဟောင်း၊ကျည်ခွံတွေကို အနုပညာလက်ရာ ပြောင်းလဲဖန်တီးနေတဲ့ ဆီးရီးယားမှ ပညာရှင်

ဗုံးသီးဟောင်း၊ကျည်ခွံတွေကို အနုပညာလက်ရာ ပြောင်းလဲဖန်တီးနေတဲ့ ဆီးရီးယားမှ ပညာရှင်

ဧပြီ ၂၇ ။               ။ ၂၀၁၁ ခုနှစ်က စဖြစ်ခဲ့တဲ့ ဆီးရီးယား ပြည်တွင်း ပဋိပက္ခ တိုက်ပွဲတွေကြောင့် လူပေါင်းမြောက်မြားစွာ သေကျေထိခိုက်ထားခဲ့ရသလို ယင်းစစ်ပွဲတွေဟာ ယခုအချိန်ထိဆို ခြောက်နှစ်လောက် ကြာမြင့်လာခဲ့ပြီ ဖြစ်ပေမယ့် ပြေလည်ငြိမ်းချမ်းမှုမရနိုင်သေးဘဲ ပြည်သူတွေပဲ စစ်ရဲ့ ဆိုးမွေတွေကို ခံယူနေကြရလျက်ရှိပါတယ်။

ဒီလိုမျိုး ခက်ခဲကြမ်းတမ်းနေတဲ့ ကာလထဲမှာတော့ ဆီးရီးယားသူပုန်တို့ ထိန်းချုပ်ရာ Douma မြို့က အသက် ၄၀ အရွယ် အနုပညာရှင် အဘူ အလီကတော့ စစ်ရဲ့ မကောင်းတဲ့ အငွေ့အသက်တွေကို အကောင်းဘက်ကို တတ်နိုင်သလောက် ပြောင်းလဲကြည့်ဖို့ ကြိုးစားနေသူတစ်ဦး ဖြစ်ပါတယ်။

မုတ်ဖုန့်ဆရာတစ်ဦးလည်း ဖြစ်တဲ့ အလီဟာ ယခုဆိုရင် စစ်အကြွင်းအကျန် ဗုံးသီးဟောင်း၊ ကျည်ခွံတွေကနေ လူတွေပြန်လည်အသုံးပြုလို့ရမယ့် အနုပညာလက်ရာပစ္စည်းတွေအဖြစ် ပြောင်းလဲဖန်တီးဖို့ ကြံဆအားထုတ်နေလျက်ရှိပါတယ်။

သူဟာ ဒုံးကျည်ခွံတွေ၊ ကျည်ခွံတွေကို လိုက်လံ စုဆောင်းပြီး လှပတဲ့ လက်ရာပစ္စည်းတွေအဖြစ် ၎င်းရဲ့ဖန်တီးမှုအားကို အသုံးချပြီး ပြောင်းလဲထုတ်လုပ်နေလျက်ရှိနေပြီး ပြည်တွင်းစစ်အောက် ကျရောက်နေတဲ့ နိုင်ငံမှာ ပြည်သူတွေအတွက် တဖက်တစ်လမ်းကနေ ကောင်းကျိုးပြုပေးနိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required