၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် အတွင်း ပခုက္ကူခရိုင်တွင် သစ်တန် ၅၆၀ကျော် ဖမ်းဆီးရမိ

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် အတွင်း ပခုက္ကူခရိုင်တွင် သစ်တန် ၅၆၀ကျော် ဖမ်းဆီးရမိ
ဓာတ်ပုံ-ပခုက္ကူဆိပ်ဖြူကားလမ်းပေါ်တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိစဉ်

ပခုက္ကူ၊ ဧပြီ ၂၇ ။            ။ ပခုက္ကူခရိုင်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း သစ်တန်ရေ ၅၆၀ကျော် ဖမ်းဆီးရရှိခဲ့ကြောင်း ပခုက္ကူခရိုင်သစ်တောဦးစီးဌာနမှ သိရသည်။

"ဘဏ္ဍာရေးနှစ် တစ်နှစ်လုံး ဖမ်းဆီးရမိတဲ့သစ်တန်ရေ အရေအတွက် စုစုပေါင်း ၅၆၆.၃၃၃၉ တန် ရှိပါတယ်။ စုစုပေါင်းဖမ်းဆီးရရှိတဲ့အကြိမ်အရေအတွက်က ၁၄၃ကြိမ်ဖြစ်ပါတယ်"ဟု ပခုက္ကူခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးခိုင်က ပြောသည်။

ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များအနက် ပေါက်မြို့နယ်အတွင်း တရားမဝင်သစ်များ အများဆုံးဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည် ၎င်းက ဆိုသည်။

"ပေါက်မြို့နယ် မှာ ဖမ်းမိတဲ့သစ် စုစုပေါင်းက တန်ရေ ၃၄၉ တန် ကျော်ရှိပါတယ်။ စုစုပေါင်းဖမ်းဆီးရမိတာက ရ၅ ကြိမ် ဖမ်းဆီးမိတာပါ"ဟု ဦးမျိုးခိုင်က ပြောသည်။

ပခုက္ကူခရိုင်အတွင်း ဖမ်းဆီးရမိ တရားမဝင်သစ်များမှာ ကျွန်းသစ်အပါအဝင် အခြားသစ်မာ အမျိုးအစားများ လည်း ပါဝင်နေပြီး အချို့တရားမဝင်သစ်များသည် ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိခြင်းဖြစ်၍ အချို့ ဖမ်းဆီးရမိသည့် တရားမဝင်သစ်များ၏ ပိုင်ရှင်အား တရားစွဲဆိုခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly