ဆိုင်ကယ်ခိုးယူသူများအား ပျဉ်းမနားမြိို့တွင် ဖမ်းဆီးရမိ

ဆိုင်ကယ်ခိုးယူသူများအား ပျဉ်းမနားမြိို့တွင် ဖမ်းဆီးရမိ
ဓာတ်ပုံ- ပျဉ်းမနားနယ်ထိန်းခေါင်ဆောင် ဒုရဲအုပ် သက်နိုင်ဦး

နေပြည်တော်၊ ဧပြီ၊ ၂၇၊ ။             ။ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့တွင် ဆိုင်ကယ်ခိုးယူသူများအား ဖမ်းဆီးရမိကြောင်း ပျဉ်းမနားမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်နိုင်ဦးက ပြောသည်။

“ဆိုင်ကယ်ကတော့ လောလောဆယ်တော့ သုံးစီးပေါ်တာပေါ့နော် ။ သုံးစီး ကျွန်တော်တရားလိုပြုလုပ်ပြီးတော့ တိုင်တန်းထားတာပေါ့” ဟု မဇ္စျိမသို့ ပြောသည်။

ဖြစ်စဉ်မှာ ဧပြီလ၂၆ ရက်နေ့ ၈နာရီအချိန်ခန့်တွင် ပျဉ်းမနားမြို့ ရာဇဌာနီလမ်း၊ မိသားစုစားသောက်ဆိုင်အနီး တွင် မသင်္ကာဖွယ်တွေ့ရှိသူ ငပိန်(ခ)ရန်လင်းအောင်၊ ၂၂နှစ်(ဘ) ဦးကိုဇော်၊ မှတ်ပုံတင်မရှိ၊ ကျပန်း၊ နယ်မြေ(၂)၊ ရန်အောင်(၂) ရပ်ကွက် ၊ ပျဉ်းမနားမြို့နေသူနှင့် ဖြိုးသာဦး(၁၉)နှစ်၊ (ဘ) ဦးသီဟထွန်း မှတ်ပုံတင်-မရှိ၊ ကျဘမ်း တောင်သာရပ်ကွက် နေသူတို့နှစ်ဦးသည် Yamaha Fz အနက်ရောင် (ရှေ့မီးခွက်မပါ) ဆိုင်ကယ်တစ်စီးအား မသင်္ကာဖွယ်ရာ လိုက်လံရောင်းချနေကြောင်း သတင်းအရတွေ့ရှိရသဖြင့် စစ်ဆေးရာ ၄င်းတို့ပိုင်ဆိုင်ကြောင်း ခိုင်လုံသော အထောက်အထားမတွေ့ရှိရသဖြင့် စစ်ဆေးရာ မှ ၄င်းတို့ခိုးယူခဲ့သော ဆိုင်ကယ်များအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ တရားခံနှစ်ဦးသည် လွန်ခဲ့သောငါးရက်ခန့်က ဇဗ္ဗူသီရိမြို့နယ် ကံ့ကော် အိမ်ယာ၊ တိုက်အမှတ်၃၁၅၏ စင်ဝင်အောက်တွင် ရပ်ထားသော ယာဉ်အမှတ် -၄၃ယ/၃၈၁၃၄၊ Johnson-125 ပြာ/နက် ဆိုုင်ကယ်တစ်စီးအား ခိုးယူ ပြီး (၂၂၅၀၀၀) ကျပ်ဖြင့် ရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့အပြင်လွန်ခဲ့သော ငါးရက်ခန့် ၁နာရီ အချိန်ခန့်က အဆိုပါ တရားခံနှစ်ဦးနှင့် အတူ ဖြိုးဝေ(၂၀)နှစ် (ဘ) ဦးဖိုးလုံး၊ ကျဘမ်း၊ ဗမာ၊ဗုဒ္ဓ၊ ယောက်သွားအင်းရပ်၊ ပျဉ်းမနားမြို့နေသူတို့ သုံးဦးသည် ဇဗ္ဗူသီရိမြို့နယ်၊ တိုက်အမှတ်-၅၃၇၈ ၏ ဆင်ဝင်အောက်တွင် ရပ်ထားသော နံပါတ်မဲ့ ၊ YAMAHA FZ-S၊ အနက်လိမ္မော်ရောင် ဆိုင်ကယ် ၁ စီးအား ခိုးယူခဲ့ပြီးနောက် ငွေ ၅၀၀၀၀ ကျပ်ဖြင့် ပေါင်နှံထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားပါသည်။

အဆိုပါ ဆိုင်ကယ်များနှင့် ပတ်သတ်၍ ၄င်းတို့ပိုင်ဆိုင်ကြောင်းတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသည့်အပြင် နေအိမ်အဆောက်အဦအတွင်းမှ ခိုးယူလာသည်ဟု သင်္ကာမကင်းသူ ငပိန်(ခ) ရန်လင်းအောင်နှင့် ဖြိုးသာဦး (၂)ဦး နှင့် ထွက်ပြေးတိမ်းရှောင်နေသူ ဖြိုးဝေတို့အား ဒုရဲအုပ်သက်နိုင်ဦးမှ  တရားလိုပြုလုပ်တိုင်တန်းထား ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly