ဘောင်ကကျယ်လာတော့ ပျက်လုံးတွေက ရှားလာတယ်

ဘောင်ကကျယ်လာတော့ ပျက်လုံးတွေက ရှားလာတယ်

YOPE_ ဦးငှက် မင်္ဂလာပါရှင့်

NPK_ မင်္ဂလာပါဗျာ

YOPE_ သမီးတို့ YOPE အစီအစဉ်မှာ တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်။

NPK_ ဟုတ်ပါတယ် ။ ဦးငှက်ကလည်း ဝမ်းသာပါတယ်။

YOPE_ သမီးတို့အစီအစဉ်မှာ မေးခွန်းငါးခု မေးသွားမှာပေါ့နော် ။ ပထမမေးခွန်းကပေါ့ ။ လူရွှင်တော်ဆိုပြီး လူရွှင်တော်အများစုက သရုပ်ဆောင်အလုပ်တွေ လုပ်လာကြတယ်၊ သရုပ်ဆောင်လိုင်းကို ရောက်လာကြတယ် ဦးငှက်ကရော အခု သရုပ်ဆောင်လုပ်နေတာဆိုတော့ လူရွှင်တော်ဘဝမှာ အခက်အခဲတွေ ရှိခဲ့လို့လား။

NPK_ ရှိပါတယ် လူရွှင်တော်ဘဝမှာတော့ သမီး။ အဓိကကတော့ အငြိမ့်စင်ပေါ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေပေါ့။ လူရွှင်တော်ကနေ ဒီသရုပ်ဆောင်လိုင်းဘက် ဗီဒီယိုဘက်ကို ကူးတာကတော့ ဘယ်လိုခေါ်မလဲ ကိုယ်တွေကလဲ အငြိမ့်စင်ပေါ်မှာ နှစ်ကနည်းနည်းကြာလာပြီ။ ဗီဒီယို ခေတ်ကောင်းတဲ့အချိန်မှာ ဒါသူတို့ လူရွှ့င်တော်တွေ အငြိမ့်စင်ပေါ်က လူရွှင်တော်တွေ ငှက်ပျောကြော်တို့ ကင်းကောင်တို့လည်း လူရွှင်တော်တွေဆိုတော့ ဟာသလိုင်းကို ကူးတာပေ့ါ။ အဲ့လိုပါပဲ ဒီဘက်ကိုကူးတာကတော့ ဒီဘက်လောကနဲ့တော့ ဆိုင်တာပေ့ါ။ ဗီဒီယိုလောက ကောင်းတဲ့ အရမ်းကောင်းတဲ့အချိန်မှာ သရုပ်ဆောင်တွေဒီဘက်ကိုရောက်လာကြတယ် ဒီသဘောပါပဲ။

YOPE_ ဟုတ်ကဲ့ပါရှင့်။ ဒါကတော့ ဒုတိယမေးခွန်းပါ။ ဦးငှက်အမျိုးသမီးကလည်း တားရော့ပညာရှင် ဆိုတော့လေ ဦးငှက်ကို တားရော့ဟောပေးဖူးမှာပေါ့နော်။ ဟောပေးဖူးတဲ့ထဲကမှ မှန်ပြီးတော့ အမှတ်တရဖြစ်တာလေးရှိရင် ပြောပြပေးပါလား။

NPK_ ကျွန်တော်ကလည်း ငှက်ပျောကြော်ဆိုတော့ နည်းနည်းမီးမြင့်တာပေါ့ဗျာ။ သူ့ကိုနည်းနည်း အထင်သေးချင်တာပေါ့။ ဦးငှက်ကိုတော့ ကြည့်ပေးဖူးတယ်။ ကြည့်ပြီးတော့ ကံက ဒီလထဲမှာ တစ်ခါတလေ ကားရိုက်မရှိဘူးဆိုရင် လူကညစ်တယ်လေ။ ကားရိုက်ကအဆင်မပြေရင် သူက တားရော့လေးဘာလေး ဆွဲကြည့်ပါလား။ ဆွဲကွာဆိုရင် ထုံစံအတိုင်းပဲ ကံကတော့ ၅၀-၅၀ ဖြစ်နေတယ်။ အဲ့ဒါ ပုတီးလေးစိပ် ရွတ်ဖတ်ပေါ့လေ။ လာဘ်ဝင်မယ့် ဂါထာတွေ ရွတ်ဖတ်ဆိုတော့ ရွတ်ဖတ်။ ဒါပေမယ့် တိုက်ဆိုင်တာပဲလား၊ ကုသိုလ်ကောင်းမှုပြုလိုက်လို့ပဲလား မသိဘူး။ သိပ်မကြာဘူး ကားရိုက်တွေဘာတွေ ရှိလာတော့ နောက်ပိုင်း သူ့ကို ယုံလာရတာပေါ့လေ။

YOPE_ ဟုတ်ကဲ့ပါရှင်။ ပရိသတ် သိချင်မယ်ထင်ပါတယ်၊ ဦးငှက်ရဲ့နာမည်က ဘာဖြစ်လို့ ငှက်ပျောကြော် ဖြစ်နေတာလဲ။

 NPK _ တကယ်က ဦးငှက်နာမည်အရင်းက မောင်မောင်အေးပါ။ ရန်ကုန်တက္ကသိုလ် တောင်ငူဆောင်မှာ မြန်မာစာမေဂျာနဲ့ ဦးငှက်တို့ တတိယနှစ်တက်ရတဲ့အချိန်မှာ ပါမောက္ခ ဒေါ်စီစီဝင်း ခုတော့ မရှိရှာတော့ပါဘူး။ ဆရာမကြီး ဒေါ်စီစီဝင်းက မြန်မာစာ မောင်မယ်သစ်လွင်ကြိုဆိုပွဲဆိုတော့ မြန်မာမှုဆန်ဆန် ဖျော်ဖြေရေးလေးကို တင်ဆက်ကြပေါ့။ အဲ့ဒါနဲ့ပဲ ဦးငှက်တို့ လုပ်ကြည့်မယ်ကွာဆိုပြီး နာမည်ရွေးကြမှာပေါ့။ ပြီးရင် ကြော်ငြာဘုတ်မှာ ကျောင်းရဲ့ white board မှာ ကပ်ရတော့မယ်လေ။ တစ်နေ့တော့ စဉ်းစားရင်း စဉ်းစားရင်းနဲ့ ဘာပေးရမှန်းမသိဘူး။ စဉ်းစားနေရင်းနဲ့ အင်းယားကန်ဘောင်ပေါ်မှာ အကြော်သွားစားတာပေါ့။ တစ်ဖက်ဝိုင်းမှာ ကျောင်းသူလေး တစ်အုပ်ကလည်း စားသောက်နေကြတာပေါ့။ အကြော်တွေ ဝယ်စားနေကြတာပေါ့။ အဲ့ဒါငှက်ပျောကြော်ကြီးကို ကိုက်စားနေတယ်။ ငှက်ပျောကြော်ကလည်း ဖီးကြမ်းက ဘယ်လောက်ကြီးလည်း မသိဘူး။ သူ့နှုတ်ခမ်းနီဆိုးပြီး ပါးစပ်ကျဉ်းကျဉ်းလေးနဲ့ အဲ့ဒီငှက်ပျောကြော်ကြီး ကိုက်စားနေတာကို ဦးငှက်နဲ့ ကင်းနဲ့က ရယ်စရာဖြစ်ပြီး နှစ်ယောက်သား ကျိတ်ရယ်ကြတာ။ အဲ့ကောင်မလေးက သူ့ခမျာ ငှက်ပျောကြော် ကြိုက်ပုံရပါတယ်။ နှုတ်ခမ်းလေးက ကျဉ်းကျဉ်းလေး၊ နှုတ်ခမ်းနီက ရဲရဲလေး ငှက်ပျောကြော်ကြီးက ကြီးတော့ သူ့ခမျာ ကိုက်ပြီးတော့ နှုတ်ခမ်းနီလည်း ပေမှာဆိုးလို့ ။အဲ့ဒါကိုမြင်ပြီးတော့ ရယ်စရာဖြစ်ပြီးတော့ အဲ့မှာ ကျွန်တော်နဲ့ ဦးကင်းက ကဲ မထူးဘူး ။ ငှက်ပျောကြော်ပဲကောင်းတယ် ပေးလိုက်တော့ကွာ ဆိုပြီးတော့ အဲ့မှာ ဖြစ်သွားတယ်။ ကဲ နာမည်ရပြီ နောက်နေ့ကျတော့ white board ပေါ်မှာ ရေးလိုက်တော့ဆိုပြီး ငှက်ပျောကြော်က အဲ့ဒီကစတာပဲ။ ကန်ဘောင်ကနေ စတာပေါ့နော်။

YOPE_ ဦးငှက်တို့ရဲ့ ဒီတက္ကသိုလ်ကျောင်းသားဘဝကနေပြီးတော့ မြပုဏ္ဏဆိုပြီး အဖွဲ့လေးဖွဲ့တယ်နော်။ အဲ့ဒီမှာ ဦးငှက်တို့က တက္ကသိုလ်ကျောင်းသားဘဝပဲ ရှိသေးတယ်။ ဒါပေမယ့် အဲ့ဒီမှာ လူရွှင်တော်အဖြစ်စပြီး ကိုယ့်ကိုကိုယ် ပြောင်းလဲလိုက်တဲ့အချိန်မှာ ဦးငှက်အဲ့ဒီအချိန်က ခံစားချက်က ဘယ်လိုရှိမလဲ။

NPK_ ဘယ်လိုခေါ်မလဲ။ ဦးငှက်လူရွှင်တော် စဖြစ်တယ်ဆိုတဲ့အချိန်မှာ ကျောင်းမှာတော့ အပျော်ပေါ့။ ဒါပေမယ့် ကိုဇာဂနာနဲ့ ပေါင်းမိတဲ့အချိန်မှာ သူကလည်း အဲ့သရော်တဲ့ ပြက်လုံးမျိုးတေ ချည်းပဲ ပြက်တော့ ကိုယ်က အဲ့လိုင်းကိုပဲ အားသန်သွားတာပေါ့ကွာ။ ဟို ဘယ်လိုခေါ်မလဲ ။ တခြားပြက်လုံးတွေ သိပ်မပြက်ချင်တော့ဘူး။ ကျောင်းကလာတော့ တက္ကသိုလ်ရဲ့ အစဉ်အလာကို ထိန်းတဲ့အနေနဲ့ အောက်လုံးတွေဘာတွေလည်း သိပ်မပြက်ဖြစ်ပါဘူး။ နည်းနည်းပါးပါးပဲ ပြက်ဖြစ်တယ်။ အဲ့ဒီလို Satire သရော်တာတွေ အပြုသဘောဆောင်တာတွေ အဲ့ဒါမျိုးလေးတွေ ပျက်ပြီးတော့ နောက်ပိုင်းကျတော့

ဦးငှက်တို့လည်း အဲ့ဒီဘက်ပဲ အားသန်တာပေါ့လေ။ အားသန်တဲ့အလျောက် ဟိုအပြင်မှာ ထွက်ကတော့လည်း အဲ့ဒီလိုပြက်လုံးတွေ Satire  တွေပဲ။ တကယ်တော့ ဦးငှက်တို့ မြပုဏ္ဏမာက အဲ့ဒါနဲ့ တက်လာတယ်ဆိုရင်လည်း ရတယ်။

YOPE_ ဒါကတော့ YOPE ရဲ့နောက်ဆုံးမေးခွန်းပါပေ့ါနော်။ ဦးငှက်ကို လက်ရှိ တိုင်းပြည်ရဲ့ အခြေအနေ ထင်ဟပ်စေမယ့် ပြက်လုံးတစ်ခုလောက် ပြက်ပြပါဆိုရင် ဘယ်ဟာကို

ပြက်ပြမလဲ။

NPK_ အာ အဲ့ဒါ နည်းနည်းတော့ စားတယ်။ ဘယ်လိုဖြစ်လည်းဆိုတော့ ဒီမိုကရေစီလေ ။ ဟုတ်တယ်မလား။ ဒီမိုကရေစီအစိုးရဆိုတော့ ပြောကြပါ။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ့်ခံယူချက်နဲ့ ဘောင်က နည်းနည်းကျယ်သွားတယ်လို့ ပြောလို့ရတယ်။ အဲ့ဒီ ဘောင်ကျယ်သွားတဲ့အခါမှာ ဦးငှက်တို့အတွက် ပြက်လုံးက ရှားလာတယ်။ အဲ့ဒီတော့ ပြက်လုံးရှားလာတော့ အမှန်တိုင်းပြောရင်တော့ ရယ်စရာတော့ ရယ်စရာပဲ။ ကိုယ့်ကိုကိုယ် လူရွှင်တော်လို့တောင် မသတ်မှတ်ချင်တော့ဘူး။ သိပ်လွတ်လပ်သွားပြီ။ လွတ်လွတ်လပ်လပ်နဲ့ ပြောခွင့်ရှိတယ်။ ရေးခွင့်ရှိတယ်။ ဆိုခွင့်ရှိတယ်ဆိုတော့ ပြက်လုံးက တော်တော်ရှားလာပြီ။ အခု သမီးပြောသလို တစ်ထိုင်တည်းကတော့ ဦးငှက် အရှုံးပေးပါတယ်။

YOPE_ အခုလို YOPE မှာ မေးခွန်းငါးခုကို စိတ်ရှည်လက်ရှည်ဖြေပေးတဲ့အတွက် ဦးငှက်ကို ကျေးဇူးအများကြီး တင်ပါတယ်။

NPK_ ကျွန်တော်လည်း YOPE ကို အထူးကျေးဇူးတင်ရှိပါတယ်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly