ကချင် နှင့် ရခိုင်တွင် လူသားခြင်းစာနာထောက်ထားမှုလုပ်ငန်းအတွက် ပြင်သစ်က ကျပ်သိန်းတစ်သောင်းကျော်ထောက်ပံ့မည်

ကချင် နှင့် ရခိုင်တွင် လူသားခြင်းစာနာထောက်ထားမှုလုပ်ငန်းအတွက် ပြင်သစ်က ကျပ်သိန်းတစ်သောင်းကျော်ထောက်ပံ့မည်
ရခိုင်ပြည်နယ်  မောင်တောဒေသ ပြောင်ပိုက်ရွာတွင် ထောက်ပံ့ကူညီမှု ပစ္စည်းများ ရောက်ရှိလာသည့် မြင်ကွင်းတစ်ခုကို ၂၀၁၆၊ ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ)

ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း လူသားခြင်းစာနာထောက်ထားမှု လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေးအတွက် ပြင်သစ်နိုင်ငံက ယူရိုငွေ (၇) သိန်း (မြန်မာငွေ သိန်းတစ်သောင်းကျော် -၁,၀၄၁,၉၃၅,၃၈၈) ပေးအပ်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်အတွက် ပြင်သစ် NGO Solidarités International ၏ မြန်ဆန်သော စားနပ်ရိက္ခာဖူလုံရေး ဆောင်ရွက်မှုနည်းစနစ်အတွက် ပြင်သစ်နိုင်ငံမှ ယူရိုငွေ ၂၃၅ ၀၀၀€ ပေးအပ်ခဲ့သည်ဟုဆိုသည်။ 

ထိုကူညီထောက်ပ့ံမှုမျိုးမှတဆင့် ကချင်ပြည်နယ်အတွင်းလူသားခြင်းဆိုင်ရာ ကူညီထောက်ပံ့မှုလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည့် အဖွဲ့အစည်းများအတွက် အရေးအကြီးဆုံးကဏ္ဍများတွင် ပြင်သစ်နိုင်ငံမှ ပါဝင်ကူညီနေခြင်းဖြစ်သည်ဟု ဆိုထားသည်။

ရခိုင်ပြည်နယ်အတွက်ကိုလည်း ကလေးသူငယ်များ အာဟာရချို့တဲ့ခြင်းကို ရေရှည်တိုက်ဖျက်သွားနိုင်ရန်ရည်ရွယ်ပြီး ဘာသာနှစ်ခုလုံးမှ ဒေသခံများအတွက် စားဝတ်နေရေးတောင့်တင်းခိုင်မာလာရန် ပြန်လည်အားဖြည့််သည့် လုပ်ငန်းစဉ်များကိုလည်း NGO Action Contre la Faim (ACF)မှတစ်ဆင့် ထောက်ပံ့မည်ဟု သိရသည်။ 

NGO ACTEDနှင့်အတူ ရခိုင်ပြည်နယ်က အာဟာရချို့တဲ့ခြင်း ပြဿနာတိုက်ဖျက်ရေးလုပ်ငန်းကို ကူညီထောက်ပံ့ခဲ့သည်မှာ (၁၀) နှစ်ကျော်ခဲ့ပြီဖြစ်ပြီး ယခုတစ်ခေါက် ထောက်ပံ့မှုမှာ ဒုတိယအကြိမ်ဖြစ်သည်ဟု သံရုံးက ထုတ်ပြန်ချက်တွင် ဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required