ကိုယ့်ဘဝမှာ အမှတ်တရအရှိဆုံးဖြစ်မယ့်သူက ဘယ်သူဖြစ်မလဲ

ကိုယ့်ဘဝမှာ အမှတ်တရအရှိဆုံးဖြစ်မယ့်သူက ဘယ်သူဖြစ်မလဲ

လူတိုင်းရဲ့ ဘဝမှာ သတိတရနဲ့ အမြဲတမ်းအမှတ်ရနေမယ့် လူတစ်ယောက်တော့ ရှိတက်ကြပါတယ်။ အဲဒီလိုမျိုးတွေက ဘယ်သူတွေဖြစ်မလဲ။ သူတို့ကို ဘာကြောင့် သတိရနေတာလဲ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မ သူငယ်ချင်းတွေဆီ သွားမေးကြည့်လိုက်ပါဦးမယ်။

 

 

 

 

“လေးတန်းလောက်က သူငယ်ချင်းတစ်ယောက်ပေါ့နော်။ မိန်ကလေး သူက ကျွန်တော်အပေါ်အရမ်းလည်း အနွံတာခံတယ်။ နောက်ပြီးတော့ ကျွန်တော်နဲ့လည်း တိုင်ပင်ဖော် တိုင်ပင်ဖက်ထဲက သူငယ်ချင်းတစ်ယောက်။ သူနဲ့ အမှတ်တရကတော့ သူငိုရင်ပေါ့နော် ကျွန်တော်နဲ့ အဲဒီလိုမျိုး သူက အရမ်းအားပေးတက်တဲ့သူငယ်ချင်း တစ်ယောက်။ အဲဒီသူငယ်ချင်းတစ်ယောက်ပေါ့ အခုချိန်ထိ အမြဲအမှတ်ရနေပါတယ်လို့”

 

 

 

 

“အဖေ့ကို အရမ်းသတိရပါတယ် ဘာဖြစ်လို့လဲဆိုတော့ ဆယ်တန်းတုန်းကပေါ့။ ကိုယ်ကျောင်းသွားချိန်ကစ သူ လိုက်ပို့ခဲ့တဲ့ အချိန်တွေ ပြီးတော့ ရည်မှန်းချက်တစ်ခုရှိရမယ်ပေါ့နော် လူတစ်ယောက်မှာ။ အစတုန်းကတည်းက ဆိုဆုံးမတခဲ့တဲ့အချိန်တွေ သူ့ကိုအရမ်းသတိရပါတယ်။ အရမ်းလည်းတွေ့ချင်ပါတယ် ပြေးပြီးတော့ အဖေ့ကို အရမ်းလည်းချစ်ပါတယ်လို့။”

 

 

 

 

 

“အမေပဲ ဖြစ်မှာပါ။ အမြဲတမ်း ကျွန်တော့်ကို သွန်သင်ဆုံးမနေတာ ဘယ်တော့မှလဲ မေ့လို့ရမှာ မဟုတ်ပါဘူး။”

 

 

 

 

 

 

“ဖေ့ဘွတ်ခ် မှာ တွေ့ခဲ့တာပေါ့ ညီမရဲ့ crush ပေါ့။ တစ်နေ့ကျတော့ ကောင်မလေးတစ်ယောက်ကြောင့် အထင်တွေလွဲပြီး အဆင်မပြေဘူးဖြစ်သွားတယ်။ လုံးဝ အဆက်အသွယ်ပြတ်သွားတာ အခုထိပဲ။ အဲတာ အမှတ်တရ ရခဲ့တယ်။ ဒါပေမယ့် ညီမငိုတဲ့ အချိန်တွေဆို သူက ညီမကို သီချင်းလေးနဲ့ ထက်ယံရဲ့ good luck သီချင်းလေးနဲ့ အမြဲတမ်းပြောခဲ့တယ်ပေါ့နော်။ အဲဒီသီချင်းတွေကို ညီမ ringtone ထားထားတယ်။ အဲဒီ ringtone ကြားတိုင်း ညီမ သူ့ကို အရမ်းသတိရတယ်။”

 

 

 

 

“ကိုယ့် ဘဝမှာ မေ့မရတဲ့သူဆိုရင်တော့ အမေပဲပေါ့နော်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကို ဒီလောကကြီးထဲရောက်အောင် မွေးထုတ်ပေးခဲ့တာပေါ့။ နောက်ပြီးတော့ ပညာအရည်အချင်းတွေရော သင်ပေးခဲ့တာ အဲတာတွေကြောင့်ပါ။”

 

 

 

 

“အဲဒီအစ်မနဲ့ ကျွန်တော်တို့ခင်တာက နှစ်နှစ်ပေါ့နော် သင်တန်းစပြီးတော့ သင်တန်းတစ်ခုမှ စပြီးတော့ သိတာပေါ့။ သူက အရမ်းထူးခြားတယ်။ သူ့ကိုကြည့်လိုက်ရင် အမြဲရယ်နေတာပဲ။ သူနဲ့ ခင်ရတာ အရမ်းပျော်ဖို့ကောင်းတယ်လို့ ခံစားရတယ်။”

 

 

 

 

 

“အဲဒီအစ်မကိုတော့ အရမ်းသတိရတယ်။ ဘယ်လောက်ပဲ စိတ်ညစ်စရာတွေရှိရှိ သူ့ဆီဖုန်းဆက်လိုက်တာနဲ့ တစ်ချိန်လုံး လူကို ချက်ချင်းစိတ်ညစ်စရာတွေကို ပြောင်းပေးနိိုင်လောက်အောင်ကို ဟာသဉာဏ်ရှိတယ်။ စကားပြောတာပဲဖြစ်ဖြစ်။ သူ့ကို ကြည့်လိုက်ရင် ဘယ်တော့မှ အပူအပင်မရှိဘူး။ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ သူ့ဘဝကို သူဖြတ်သန်းတယ်။ ဘယ်လောက်ပဲသူမှာ စိတ်ညစ်နေပါလိမ့်စေ။ သူများကိုပျော်အောင်လုပ်ပေးနိုင်တယ်။ သူက အရမ်း strong ဖြစ်တယ်။ အရမ်းအားကျတယ်။”

 

 

ကဲ ကျွန်မရဲ့ သူငယ်ချင်းတွေကတော့ သူတို့ဘဝမှာ ရှိတဲ့ အမှတ်တရ လူတစ်ယောက်အကြောင်းကို အခုလိုပဲ ပြောပြခဲ့ကြတာပါ။ ဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့ သူငယ်ချင်းတို့မှာလည်း အမှတ်တရ လူတစ်ယောက်ရှိခဲ့မယ်ဆိုရင် မျှဝေပေးခဲ့ကြပါဦး။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required