မြန်မာနိုင်ငံတွင် အသိဉာဏ်ပစ္စည်းဆိုင်ရာဥပဒေ IP Law မရှိမဖြစ်လိုအပ်နေပြီဟု အသိဉာဏ်ပစ္စည်းဆိုင်ရာလုပ်ငန်းရှင်များအသင်းဆို

မြန်မာနိုင်ငံတွင် အသိဉာဏ်ပစ္စည်းဆိုင်ရာဥပဒေ IP Law မရှိမဖြစ်လိုအပ်နေပြီဟု အသိဉာဏ်ပစ္စည်းဆိုင်ရာလုပ်ငန်းရှင်များအသင်းဆို

ရန်ကုန်၊ ဧပြီ ၂၅ ။           ။ မြန်မာနိုင်ငံတွင် အသိဉာဏ်ပစ္စည်းဆိုင်ရာဥပဒေ IP Law မရှိမဖြစ် လိုအပ်နေပြီဟု အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ပြောသည်။

ဧပြီလ ၂၅ ရက်က ရန်ကုန်မြို့တွင်ပြုလုပ်သည့် ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့ အကြိုအခမ်းအနားတွင် ဆွေးနွေးပြောကြားသွားခဲ့ကြခြင်းဖြစ်သည်။

ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့အခမ်းအနားသို့ လာရောက်ဆွေးနွေးသည့် တေးရေး၊ တေးဆိုအရိုးကလည်း အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်နှင့်ပတ်သက်ပြီး “ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ဘယ်သူမဆိုပေါ့နော်။ ကျွန်တော်တို့နိုင်ငံသားတွေရဲ့ အခွင့်အရေး၊ အခွင့်အလမ်း တစ်ခုအနေနဲ့ ကိုယ့်ရဲ့ တီထွင်ဖန်တီးမှုတွေ၊ မှတ်ပုံတင်မှုတွေနဲ့ပတ်သက်ပြီးတော့ တစ်စုံတစ်ရာသော အကျိုးခံစားခွင့် ကျကျနနရှိဖို့အတွက် မျှော်လင့်ပြီးတော့ လာရောက်ဆွေးနွေးခြင်းဖြစ်ပါတယ်” ဟုပြောသည်။

ယခုနှစ်ကျင်းပသည့် အသိဉာဏ်ပစ္စည်းနေ့ အခမ်းအနားသို့ World’s Intellectual Property Organization က သဝဏ်လွှာပေးပို့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required