ပါကစ္စတန်တွင် လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် ကိုးဦးသေဆုံး

ပါကစ္စတန်တွင် လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် ကိုးဦးသေဆုံး

ကရာချိ၊ ဧပြီ ၂၅ ။             ။ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း အာဖဂန်နစ္စတန်နယ်စပ်အနီးတွင် ဧပြီ ၂၅ ရက်က ခရီးသည်တင်ကားတစ်စီး လမ်းဘေးဗုံးထိမှန်၍ အမျိုးသမီးနှင့် ကလေးများအပါအဝင် ကိုးဦးသေဆုံးပြီး အခြား ၁၃ ဦး ဒဏ်ရာရကြောင်း တာဝန်ရှိသူများက ပြောသည်။

ကာရမ်လူမျိုးစုဒေသ ဂိုဒါအရပ်တွင် အစောပိုင်းအချိန်က အဆိုပါ လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် ခရီးသည်တင်ကားတစ်စီးလည်း ထိမှန်ခဲ့ရခြင်းဖြစ်ကြောင်း ဒေသတာဝန်ရှိသူ အာဖန်အလီက ပြောသည်။

သေဆုံးသူများတွင် မွေးစကလေးငယ်တစ်ဦး ပါဝင်သည်ဟု ဆေးရုံတာဝန်ရှိသူများက ဆိုသည်။

“သေဆုံးသူတွေမှာ ကလေးငယ်တစ်ဦးနဲ့ ကိုးနှစ်အရွယ်ကလေးတစ်ဦးလည်း ပါတယ်။ နောက်ပြီး အမျိုးသမီးနှစ်ဦး သေဆုံးတယ်။”ဟု ဆရာဝန်တစ်ဦးဖြစ်သည့် မူဂျာဟစ်ခန်းက အေအက်ဖ်ပီသို့ ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုအတွက် မည်သည့်အဖွဲ့ကမှ ၎င်းတို့လုပ်ဆောင်ကြောင်း ချက်ချင်း မကြေညာသေးပေ။

ကာရမ်လူမျိုးစုအရပ်ဒေသသည် ပါကစ္စတန်လူဦးရေ သန်း ၂၀၀ မှ ပျမ်းမျှ ၂၀ ရာခိုင်နှုန်း ရှိသော ရှီးယိုက်နှင့် ဆွန်နီမွတ်စလင်များအကြား ဝါဒစွဲ တိုက်ခိုက်မှုများ ဖြစ်ပွားလေ့ရှိသည့် ဒေသဖြစ်သကဲ့သို့ ပါကစ္စတန် တာလီဘန်များနှင့် ၎င်း၏ ဂိုဏ်းခွဲများအတွက် အမာခံနယ်မြေတစ်ရပ်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required