မြောက်ကိုရီးယားက ဒုံးကျည်ပစ်ခတ်ခဲ့ပါက ဆယ်မိနစ်သာ အချိန်ရလိမ့်မည်ဖြစ်ကြောင်း ဂျပန်က နိုင်ငံသားများကို သတိပေး

မြောက်ကိုရီးယားက ဒုံးကျည်ပစ်ခတ်ခဲ့ပါက ဆယ်မိနစ်သာ အချိန်ရလိမ့်မည်ဖြစ်ကြောင်း ဂျပန်က နိုင်ငံသားများကို သတိပေး

တိုကျို၊ ဧပြီ ၂၅ ။           ။ မြောက်ကိုရီုးယားက အမေရိကန်သို့ ပစ်လွှတ်နိုင်သည့် ဒုံးကျည်များ တည်ဆောက်လျက်ရှိနေနိုင်သော်လည်း ကင်ဂျုံးအွန် အစိုးရတွင် ဂျပန်သို့ေ ရာက်ရှိပစ်ခတ်နိုင်သည့် ဒုံးကျည်များစွာကို တည်ဆောက်ပိုင်ဆိုင်ထားပြီးဖြစ်သည်။ အကယ်၍ မြောက်ကိုရီးယားနိုင်ငံကသာ ဂျပန်ကို ဒုံးကျည်ပစ်ခတ်ခဲ့ပါက ဆယ်မိနစ်အတွင်း နိုင်ငံတွင်း ကျရောက်လာနိုင်ဖြစ်၍ ဂျပန်အစိုးရက နိုင်ငံသားများကို ပြင်ဆင်အသင့်ရှိစေရန် သတိပေးလျက်ရှိသည်။

ယခုသီတင်းပတ်အတွင်း ဂျပန်ဝန်ကြီးချုပ်ရုံးသည် မြောက်ကိုရီးယားက ဂျပန်နိုင်ငံအား ဒုံးကျည်ပစ်ခတ်ခဲ့ပါက မည်သို့ ပြင်ဆင်တုံ့ပြန်ရမည်နှင့် ပတ်သက်ပြီး ပထမဆုံးအဖြစ် မည်မျှအချိန်ရနိုင်သည် အပါအဝင် မိမိကိုယ်ကို ကာကွယ်မှုပြုရေး လမ်းညွှန်ချက်သစ်များကို သတိပေးချက် ထုတ်ပြန်ခဲ့သည်။

မတ် ၆ ရက်က မြောက်ကိုရီးယား ပစ်လွှတ်ခဲ့သော ဒုံးကျည်လေးစင်းတွင် သုံးစင်းက ဂျပန်ပင်လယ်တွင်းရှိ အထူးစီးပွားရေးဇုန်နယ်အတွင်းသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ယင်းပစ်လွှတ်မှုနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားက ဂျပန်နိုင်ငံရှိ အမေရိကန်စစ်စခန်းများကို တိုက်ခိုက်ရန် ပြင်ဆင်နေခြငး်အဖြစ် ပြောဆိုခဲ့သည်။

ယခု ဂျပန်အစိုးရ၏ ဒုံးကျည်ရန် ကာကွယ်ရေး နိုင်ငံသားများထံ အကြံပြုချက်များက အားရစရာ သိပ်မရှိပေ။ ယေဘုယျဆန်လွန်းကာ ၎င်းတို့အနေဖြင့် အချိန်မီ သတိမပေးနိုင်ခဲ့ရင်တောင် ပြည်သူတွေအနေနဲ့ လုပ်နိုင်တာက ခိုင်ခိုင်ခံခံအဆောက်အအုံအတွင်း၌ နေထိုင်ရန် သတိပေးထားခြင်းမျိုးဖြစ်နေသည်။

ယခုလအတွင်း မြောက်ကိုရီးယား၏ ဒုံးကျည်ခြိမ်းခြောက်မှုများကြောင့် ဂျပန်အရပ်ဖက်ကာကွယ်ရေး ဝက်ဘ်ဆိုက်သို့ လာရောက်လည်ပတ်သူပေါင်းက ဧပြီလ၏ ၂၃ ရက်အတွင်း ၅ ဒဿမ ရ သန်းအထိ ရှိသွားခဲ့သည်။ ယင်းဝက်ဘ်ဆိုက်သို့ လစဉ်ပုံမှန်လည်ပတ်မှုနှုန်း လေးသိန်းပြည့်အောင်ပင် မရှိခဲ့ဘူးသည်နှင့် နှိုင်းယှဉ်တွေ့နိုင်သည်။

အဆိုပါ ဝက်ဘ်ဆိုက် အမေးအဖြေကဏ္ဍတွင် မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ခဲ့ပါက ဂျပန်သို့ မည်သည့်အချိန်အတောအတွင်း ရောက်ရှိမည်နည်းဟု မေးခွန်းကို ရေးတင်ထားသည်။

အောက်တွင်လည်း အဖြေအဖြစ် “မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်ပစ်လွှတ်လိုက်ပြီဆိုရင် ဂျပန်နိုင်ငံကို အချိန်အနည်းငယ်အတွင်း ရောက်လာနိုင်ပါမယ်။ ဥပမာအနေနဲ့ ပြီးခဲ့သည်နှစ် ဖေဖော်ဝါရီ ရ ရက်က မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်ခဲ့ရာမှာ ဂျပန်ကို ဆယ်မိနစ်အတွင်း ရောက်ရှိခဲ့တာဖြစ်ပါတယ်။”ဟု ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required