တစ်နှစ်အတွင်း ပရီးမီးယားလိဂ်သို့တန်းပြန်တက်လာတဲ့ နယူးကာဆယ်အသင်း

တစ်နှစ်အတွင်း ပရီးမီးယားလိဂ်သို့တန်းပြန်တက်လာတဲ့ နယူးကာဆယ်အသင်း

ဧပြီ ၂၅၊ အင်္ဂလန် ။            ။ ချန်ပီယံရှစ်ပွဲစဉ် ၄၄ မှာ ပရက်စတန်အသင်းကို လေးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ်ကို ပြန်လည်တန်းတက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပရက်စ်စတန်နဲ့ပွဲစဉ်မှာ နယူးကာဆယ်အသင်းအတွက်အနိုင်ဂိုးတွေကို အယိုဇီပီရက်စ်နဲ့အက်စုတို့က သွင်းယူပေးခဲ့ကြပြီး ရစ်ချီကတစ်ဂိုး ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ လက်ရှိမှာ ရမှတ် ၈၈ မှတ်ရရှိထားပြီး အမှတ်ပေးဇယားထိပ်ဆုံးက ၉၂ မှတ်ရရှိထားတဲ့ ဘရိုက်တန်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲစဉ် ၄၄ မှာ တတိယနေရာက ရီးဒင်းအသင်းက နော်တင်ဟမ် ဖောရက်စ်အသင်းကို ၃ ဂိုး၊ ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပွဲစဉ်ပြီးဆုံးရန် ၂ ပွဲလိုသေးသော်လည်း နယူးကာဆယ်နှင့် ရီးဒင်းတို့ကြားတွင် ရမှတ် ၉ မှတ်ကွာဟသွားတာကြောင့် နယူးကာဆယ်တို့ တန်းတက်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းကို တစ်နှစ်အတွင်း တန်းပြန်တက်နိုင်အောင် ဦးဆောင်ပေးခဲ့တဲ့ နည်းပြဘင်နီတက်ဇ်က နယူးကာဆယ်မှနောက်ရာသီဆက်ရှိနေဖို့ မသေချာကြောင်း ပြောဆိုခဲ့ပါတယ်။

‘အခုက ပျော်ရွှင်ရမယ့်အချိန်ပါ။ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါပြီ။ နောက်ရာသီအသင်းမှာ ဆက်ရှိမလား၊ မရှိဘူးလားဆိုတာကတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီအသင်းမှာ ကျွန်တော်ပျော်ပါတယ်။ တကယ်ကို ပျော်ပါတယ်။ ရယူနိုင်ခဲ့တဲ့ အောင်မြင်မှုအတွက်လည်း ဂုဏ်ယူမိပါတယ်။ လာမယ့်အနာဂတ်အတွက် ကောင်းမွန်တဲ့အခြေခံအုတ်မြစ်ကို ချနိုင်ခဲ့ပြီလို့ ယုံကြည်ပါတယ်’ လို့  ဘင်နီတက်ဇ်က ဆိုခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ အင်္ဂလန်ရဲ့အဆင့်မြင့်ဆုံးလိဂ်ပြိုင်ပွဲမှာ လေးကြိမ်အထိ ဗိုလ်စွဲနိုင်ခဲ့ဖူးတဲ့အသင်းဖြစ်ပါတယ်။ အက်ဖ်အေဖလား ၃ ကြိမ် ရရှိခဲ့ဖူးပြီး ပရီးမီးယားလိဂ်မှာလည်း ဒုတိယနေရာအထိ ရရှိခဲ့ဖူးတဲ့အသင်းဖြစ်ပါတယ်။ အလန်ရှီးယား၊ မိုက်ကယ်အိုဝင်၊ ဂက်စ်ကွိုင်နီ၊ ကီဗင်ကီးဂန်းနဲ့ အီရန်ရက်ရှ်တို့လို ကစားသမားတွေကစားခဲ့တာကြောင့်လည်း လူကြိုက်များတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required