မက်ဆီနှင့်အင်နီယေစတာတို့ကို မကြာမီ စာချုပ်သက်တမ်းတိုးမည်ဟု ဘာစီလိုနာအသင်းမှ တာဝန်ရှိသူပြော

မက်ဆီနှင့်အင်နီယေစတာတို့ကို မကြာမီ စာချုပ်သက်တမ်းတိုးမည်ဟု ဘာစီလိုနာအသင်းမှ တာဝန်ရှိသူပြော

ဧပြီ ၂၅၊ စပိန် ။            ။ ဘာစီလိုနာအသင်း၏ နည်းစနစ်ပိုင်းဆိုင်ရာအတွင်းရေးမှူး ရောဘတ်ဖာနန်ဒက်ဇ်က မကြာမီအချိန်အတွင်း မက်ဆီနှင့်အင်နီယေစတာတို့ကို စာချုပ်သစ်ချုပ်ဆိုမည်ဟု ပြောဆိုလိုက်သည်။

မက်ဆီ၏လက်ရှိစာချုပ်မှာ ၂၀၁၈ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုရန် ကြန့်ကြာလျက်ရှိသလို အင်နီယေစတာကလည်း စာချုပ်သစ်အတွက် ရာသီကုန်အထိ စောင့်ဆိုင်းလျက်ရှိသည်။

ဖာနန်ဒက်ဇ်က မက်ဆီနှင့်အင်နီယေစတာတို့၏ အနာဂတ်မှာ ဘာစီလိုနာအသင်းတွင်သာရှိကြောင်းဆိုသည်။

‘မက်ဆီနဲ့အင်နီယေစတာတို့ကို မကြာခင်စာချုပ်သစ်ချုပ်ဆိုသွားမှာပါ။ အင်နီယေစတာနဲ့ပတ်သက်ပြီး ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ရာသီကုန်အထိစောင့်နေတာပါ။

မက်ဆီကို စာချုပ်သစ်ချုပ်ဆိုမယ့်အကြောင်းကို ဘယ်အချိန်မှာကြေညာရမလဲဆိုတာကိုလည်း ကလပ်က မကြာခင်ဆုံးဖြတ်သွားမှာပါ။ အခုအချိန်မှာတော့ ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ပါတယ်’ ဟု ဖာနန်ဒက်ဇ်က ဆိုသည်။

မက်ဆီသည် ပြီးခဲ့သည့်အယ်လ်ကလက်ဆီကိုဒါဘီတွင် ခြေစွမ်းပြကာ ၂ ဂိုးသွင်းခဲ့ပြီး ဘာစီလိုနာအသင်းအတွက် ဂိုး ၅၀၀ ပြည့်မြောက်ခဲ့သည်။

နည်းစနစ်ပိုင်းဆိုင်ရာအတွင်းရေးမှူး ရောဘတ်ဖာနန်ဒက်ဇ်က ဘာစီလိုနာအသင်းအနေဖြင့် ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒိုင်ဘာလာကို ခေါ်ယူမည်မဟုတ်ကြောင်းနှင့် နေမာသည်လည်း မည်သည့်အသင်းသို့မှ ပြောင်းရွှေ့မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags