ဘိုင်မွန်းတည့်နေဂျာနယ်က သတင်းသမားများလည်း လွတ်ငြိမ်းခွင့်တွင် ပါဝင်

ဘိုင်မွန်းတည့်နေဂျာနယ်က သတင်းသမားများလည်း လွတ်ငြိမ်းခွင့်တွင် ပါဝင်
ဇူလိုင် ၃၀ရက်က အင်းစိန်ထောင်က ပြန်လည်လွတ်မြောက်လာသည့် ဘိုင်မွန်းတည့်နေ သတင်းသမားများ။ (ဓာတ်ပုံ-သက်ကို)

ရန်ကုန် (မဇ္ဈိမ) ။ ။ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေကြသည့် အကျဉ်းသူ၊ အကျဉ်းသား ၆၉၆၆ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်များ ပေးလိုက်ရာတွင် မွန်းတည့်နေဂျာနယ်မှ ထိန်းသမ်းခံရသူငါးဦးလည်း ပါဝင်သည်ဟု အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

"မွန်းတည့်နေဂျာနယ်က ငါးဦး ဒီနေ့ အင်းစိန်ထောင်ကနေလွတ်ပါပြီ၊ ထောင်ထဲမှာ နေသား တစ်နှစ်နဲ့အထက်ရှိပြီး လက်ကျန်ထေင်ကျရက် တစ်နှစ်အနည်းဆုံးရှိသူတွေ လွှတ်ပးမယ်လို့သိထားတယ်”ဟုဆိုသည်။

လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသားများတွင် ထောင်တွင်းကျန်ရှိနေသည့် လက်ကျန်ထောက်လှမ်းရေးအကျဉ်းသားများ ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း လူပုဂ္ဂိုလ်အတိအကျကို ယခုအချိန်အထိ အတည်မပြုနိုင်သေးဘဲ လွတ်မြောက်စာရင်းပါ နိုင်ငံရေးအကျဉ်းသားစာရင်းကိုလည်း အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့-FPPsမှ အဖွဲ့ဝင် ဦးထွန်းကြည်က “အခုအင်းစိန်ေထောင်ထဲရောက်ရှိနေချိန်အထိ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတအားရစရာမရှိပါဘူး၊ကျွန်တော်တို့က ဘိုင်မွန်းတည့်နေကငါးဦးနဲ့ ဗိုလ်မှူးကျော်စွာဝင်း အပါအဝင် ကန့်ဘလူကလယ်သမားတွေရောပေါ့ အနည်းဆုံး ခုနစ်ဦးလောက်မှန်းတားတာ၊ ဗိုလ်မှူးကျော်စွာဝင်းကတော့ လွတ်လာပါပြီ ”ဟုဆိုသည်။

နိုင်ငံတော်သမ္မတက အခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က)နှင့်အညီ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် အရေအတွက်တွင် နိုင်ငံခြားအကျဉ်းသား ၂၀၀ ကျော် ပါဝင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly