လာလီဂါချန်ပီယံဆုအတွက် ဘာစီလိုနာအသင်း ဆက်လက်တိုက်ပွဲဝင်သွားမယ် - မက်ဆီ

လာလီဂါချန်ပီယံဆုအတွက် ဘာစီလိုနာအသင်း ဆက်လက်တိုက်ပွဲဝင်သွားမယ် - မက်ဆီ
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာကြယ်ပွင့် မက်ဆီက တနင်္ဂနွေနေ့က မိမိတို့အသင်း ရီးယဲလ်မက်ဒရစ်ကို အနိုင်ကစားနိုင်ခဲ့တာကြောင့် လာလီဂါဖလား ရယူနိုင်ဖို့ အခွင့်အရေးတွေ ပြန်လည်ဆုပ်ကိုင်ထားနိုင်ခဲ့ပြီလို့ တနင်္လာနေ့က ၎င်းရဲ့ ဖေ့ဘုတ်ခ်စာမျက်နှာထက်မှာ ပြောဆိုသွားပါတယ်။

"ကျနော်တို့ လာလီဂါချန်ပံယီဆုအတွက် ဆက်ပြီး တိုက်ပွဲဝင်နိုင်ဖို့ လိုအပ်တဲ့ နိုင်ပွဲအတွက် ဘာနေဗျူးကွင်းမှာ သွားရောက်ခဲ့ပါတယ်။ ပြိုင်ပွဲပြီးဆုံးဖို့ လမ်းကြောင်းက အဝေးကြီး ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် ကျနော်တို့ အရေးပါတဲ့ ခြေလှမ်းတစ်လှမ်းကို ရယူဖို့ အဝေးကွင်းဆီ လာရောက်ခဲ့တာဖြစ်ပါတယ်။"လို့ အာဂျင်တီးနား တိုက်စစ်မှူးက ပြောပါတယ်။

အဆိုပါ အသက် ၂၉ နှစ်အရွယ် မက်ဆီဟာ ပြိုင်ဘက် ရီးယဲလ်အသင်းကို ပွဲပြီးခါနီး စက္ကန့်ပိုင်းအလို တစ်ဂိုးအပါအဝင် ဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး အရေးပါတဲ့ နိုင်ပွဲအတွက် ဘာစီလိုနာကို ကူညီပေးခဲ့ပါတယ်။

မက်ဆီဟာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံမှာ ဂိုး ၅၀၀ မြောက် သွင်းယူနိုင်ခဲ့သလို သူဟာ လက်ရှိ လာလီဂါမှာ ဂိုးသွင်းအများဆုံးအဖြစ် ၃၁ ဂိုးနဲ့ ဦးဆောင်နေပါတယ်။

ရီးယဲလ်နှင့် ဘာစီလိုနာတို့ နှစ်သင်းလုံးဟာ ရမှတ်တူ ရ၅ မှတ်ဖြစ်နေပေမယ့် နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုရလဒ်အရ ဘာစီလိုနာက အသာရရှိခဲ့တာကြောင့် အမှတ်ပေးဇယားကို ဦးဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ရီးယဲလ်အသင်းဟာ ဆဲလ်တာဗီဂိုနဲ့ ယှဉ်ပြိုင်ကစားဖို့ လက်ကျန် တစ်ပွဲရှိနေပြီး ဘာစီလိုနာကို ကျော်ပြီး ၃ မှတ်အသာစီးရယူနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required