ကမ္ဘာ့နံပါတ် ၁ နေရာကို ပြန်လည်ရောက်ရှိလာတဲ့ ဆရီနာဝီလျံ

ကမ္ဘာ့နံပါတ် ၁ နေရာကို ပြန်လည်ရောက်ရှိလာတဲ့ ဆရီနာဝီလျံ
အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံ။ (ဓာတ်ပုံ - အီးပီအေ)

အမျိုးသမီး ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (WTA)ရဲ့ ဧပြီ ၂၄ ရက်၊ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ ထုတ်ပြန်ချက်အရ အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံက ရမှတ် ရ,၀၁၀ နဲ့ နံပါတ် ၁ နေရာကို ပြန်လည်ရောက်ရှိလာပါတယ်။

ဂျာမန်တင်းနစ်မယ် အန်ဂျလီကေး ခါဘာကတော့ နံပါတ် ၂ နေရာဆီ ကျဆင်းသွားပါတယ်။

ချက်တင်းနစ်မယ် ပလစ်ဆကိုဗာက နံပါတ် ၃ နေရာ၊ သူမရဲ့နောက်မှာတော့ ဆလိုဗက်ကီးယားရဲ့ ဒိုမီနီကာ ဆက်ဘလူးကိုဗာနဲ့ ရိုမေးနီးယားရဲ့ ဆီမွန်နာ ဟာလက်ပ်တို့က အဆင့်ဆင့် ရပ်တည်နေပါတယ်။

စပိန်ရဲ့ မူဂူရူဇာက နံပါတ် ၆ နေရာမှာ ရှိနေမြဲဖြစ်ပါတယ်။

လက်ရှိ WTP (အမျိုးသမီး) အဆင့်များနှင့် ရမှတ်များ

၁) ဆရီနာဝီလျံ (အမေရိကန်) ရမှတ် ရ၀,၁၀
၂) အန်ဂျလီကေး ခါဘာ (ဂျာမနီ) ရမှတ် ၆,၉၂၅
၃) ပလစ်ဆကိုဗာ (ချက်) ၆၀,၂၀
၄) ဒိုမီနီကာ ဆက်ဘလူးကိုဗာ (ဆလိုဗက်ကီးယား) ၅,၀၆၅
၅) ဆီမွန်နာ ဟာလက်ပ် (ရိုမေးနီးယား) ၅၀,၂၁
၆) မူဂူရူဇာ (စပိန်) ၄,၆၉၁
၇) ဂျိုဟာနာကွန်တာ (ဗြိတိန်) ၄,၃၃၀
၈) ရစ်ဝမ်စ်ကာ (ပိုလန်) ၄,၂၀၅
၉)  ကက်ခ်နက်ဇီဗာ (ရုရှား) ၄,၀၂၅
၁၀) မာဒီဆန်ကီးစ် (အမေရိကန်) ၃,၈၅၇

© EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required