မြောက်ဦးမြို့နယ်အတွင်း အမျိုးသမီး နှစ်ဦး မိုးကြိုးထိမှန်ကာသေဆုံး

မြောက်ဦးမြို့နယ်အတွင်း အမျိုးသမီး နှစ်ဦး မိုးကြိုးထိမှန်ကာသေဆုံး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း အမျိုးသမီးနှစ်ဦးမှာ ဂဏန်းရှာရန်သွားရောက်ရာမှ ဧပြီလ ၂၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် မိုးကြိုးထိမှန်ကာသေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးများမှာ ဒေါ်မအေးသိန်း မြောက်ဦးမြို့နယ်၊ဘုရားများနေရွာနေသူနှင့် ဒေါ်အဖြူချေ မြောက်ဦး မြို့နယ်၊ မင်းညာကျေးရွာများမှဖြစ်ပြီး သေဆုံးသူနှစ်ဦးစလုံးမှာ ဂဏန်းရှာရန် သွားကြရာမှ မိုးကြိုးထိ မှန်ကာ သေဆုံးခဲ့ရခြင်းဖြစ်သည်။

“တစ်ယောက်ကတော့ ဂဏန်းရှာပြီးအပြန် တဲထဲမှာနေလို့အပစ်ခံရတာ၊  နောက်တစ်ယောက် ကတော့ ဂဏန်းရှာရင်း ချောင်းကမ်းဘေးမှာ ရပ်နေတာကနေ အပစ်ခံရတာပါ” ဟု မင်းညာ ကျးရွာမှ ကိုအေးက ပြောသည်။

သေဆုံးမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှစုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး သေဆုံးသူ ဒေါ်မအေးသိန်းတွင် သားသမီး (၅) ဦးနှင့် ဒေါ်အဖြူချေတွင် သားသမီး (၃) ဦးခန့်ကျန်ရစ်ခဲ့ကာ ယခင်ဧပြီလ ၂၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ ရွှေပြည်ကြီးကျေးရွာမှ လင်မယားနှစ်ဦးမှာလည်း နေအိမ်ထဲ၌ မိုးကြိုးထိမှန်ကာ သေဆုံးခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly