သုတေသနအသုံးစရိတ်များ လျှော့ချရန်စီစဉ်နေသော ထရမ့်အား ထောင်နှင့်ချီသော သိပ္ပံပညာရှင်များ ဆန္ဒပြ

သုတေသနအသုံးစရိတ်များ လျှော့ချရန်စီစဉ်နေသော ထရမ့်အား ထောင်နှင့်ချီသော သိပ္ပံပညာရှင်များ ဆန္ဒပြ

၀ါရှင်တန်ဒီစီ၊ ဧပြီ ၂၃  ။                 ။ အမေရိကန်ပြည်ထောင်စု တစ်ဝှမ်းမှ ထောင်နှင့်ချီသော သိပ္ပံပညာရှင်များသည် သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနအသုံးစရိတ်များကို လျှော့ချရန် အဆိုပြုခဲ့သော သမ္မတဒေါ်နယ်ထရမ့်၏ လုပ်ရပ်အား ဆန့်ကျင် သည့် အနေဖြင့် ၀ါရှင်တန်၌ စနေနေ့တွင် စုရုံးခဲ့ကြပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။  

သိပ္ပံပညာရပ်အတွက် ချီတက်ကြ ဟု အမည်ပေးထားသော အဆိုပါဆန္ဒပြသမှုမျိုးအား ကမ္ဘာတစ်ဝှမ်းရှိ မြို့ပေါင်း ၅၀၀ ကျော်၌ ကျင်းပနေကြလျက်ရှိသော်လည်း လူအများ၏ အာရုံမှာ ၀ါရှင်တန်ရှိ ဆန္ဒပြသပွဲ၌သာ ရှိနေပြီး စီစဉ်သူများ၏အဆိုအရ လူပေါင်း ရ၅၀၀၀ ခန့် ပါ၀င်ခဲ့ကြောင်း သိရသည်။

ထောင်သောင်းချီသော သိပ္ပံပညာရှင်များသည် လူမှုနေ့စဉ်ဘဝ၌ သိပ္ပံပညာဟာ မည်သည့်အခန်းကဏ္ဍမှ မည်သို့ပါ၀င်သင့်ကြောင်းကို ဆွေးနွေးရန်အတွက် ၄င်းတို့၏ ဓာတ်ခွဲခန်းများမှ လမ်းမပေါ်သို့ ထွက်ခွာလာကြပြီး ယခုဖြစ်ရပ်သည် အမေရိကန် သိပ္ပံပညာအသိုင်းအဝိုင်းအတွက် အရေးပါသော ပြောင်းလဲမှုတစ်ခုဖြစ်ကာ ယခင်က သိပ္ပံပညာရှင်များသည် နိုင်ငံရေးကိစ္စများနှင့် ပက်သက်မှုမရှိပဲ သီးခြားနေထိုင်ခဲ့ကြသည်။

အသက် ၅၇နှစ်အရွယ်ရှိ ကာလိုထရောဆက်က ယခုလို နိုင်ငံရေးအရ လှုပ်ရှားမှုမျိုးတွင် သူမ ပထမဦးဆုံး အကြိမ်အဖြစ် ပါ၀င်ဖူးခြင်းဖြစ်ပြီး ယခုလို ဆန္ဒပြသမှုမျိုးသည် သူမဘဝ၌ ပထမဦးဆုံး တက်ရောက်ပါ၀င်ဖူး သော ဆန္ဒပြပွဲဖြစ်ကြောင်း ပြောခဲ့သည်။

သူမသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ EPA နှင့် သိပ္ပံပညာရပ်ဆိုင်ရာ အေဂျင်စီများ ဖြစ်သည့် နာဆာ တို့ကဲ့သို့သော အဖွဲ့ အစည်းများ၏ အသုံးစရိတ်များကို လျှော့ချပစ်ပြီး စစ်သုံးစရိတ်များကို တိုးမြှင့်တော့မည့် ထရမ့်၏အကြံဉာဏ်အား ဆန့်ကျင်ရန်အတွက် မင်နီဆိုတာပြည်နယ် နော့သ်ဖီးလ်မြို့မှ ၀ါရှင်တန်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ထဲတွင် ယခုလိုအသုံးစရိတ် လျှော့ချရန်အတွက် ဆွေးနွေးမှုများ နောက်ဆုံးအခြေအနေတွင် ရောက်ရှိနေသောကြောင့် သိပ္ပံပညာရှင်များက ၄င်းတို့၏ ချီတက်ဆန္ဒပြမှုများသည် ဥပေဒပြုသူများ၏ ထောက်ခံမှုကို ရရှိစေမည်ဟု မျှော်လင့်နေကြလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly