စိတ်ကြွဆေးတိုက် ဖျက်ဆီးခဲ့ခြင်းမဟုတ်ဘဲ အလိုမတူ ကာမရယူမှုဖြင့် အမှုဖွင့်ထား

စိတ်ကြွဆေးတိုက် ဖျက်ဆီးခဲ့ခြင်းမဟုတ်ဘဲ အလိုမတူ ကာမရယူမှုဖြင့် အမှုဖွင့်ထား
ဓာတ်ပုံ - ပြည့်ဖြိုးကျော်

ပခုက္ကူ၊ ။ ဧပြီ ၂၂ ။           ။ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံနှံနေသော  မိန်းကလေးငယ်အား ကာမစိတ်ကြွဆေးများ တိုက်ကျွေးဖျက်ဆီးခဲ့ခြင်းမဟုတ်ဘဲ  လတ်တလောတွင် အလိုမတူ ကာမရယူမှုဖြင့် ပခုက္ကူမှ ကိုမျိုးဇော်ထွေးဆိုသူအား အမှုဖွင့်ထားကြောင်း သိရသည်။

"လောလောဆယ် သမီးရည်းစားအချင်းချင်း အလိုမတူဘဲ ကာမကိစ္စ အတင်းရယူတယ်ဆိုပြီး အမှုဖွင့်ထားတယ်"ဟု ပခုက္ကူမြို့မ ရဲစခန်းမှ နီးစပ်သူတစ်ဦးက ဆိုသည်။

ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်ထားခံရသူ ပခုက္ကူမှ ကိုမျိုးဇော်ထွေးဆိုသူမှာ ကာမစိတ်ကြွဆေးများတိုက်ကျွေး ဖျက်ဆီးခဲ့ခြင်းမဟုတ်ကြောင်း ကာယကံရှင် မိန်းကလေး၏ အမှုဖွင့်ချက်များရ သိရသည်ဟု ပခုက္ကူမြို့မ ရဲစခန်းမှ နီးစပ်သူများက ပြောသည်။

မုဒိန်းမှုကျူးလွန်သည့် ခံရသည့် အမျိုးသမီးသည် မင်္ဂလာဆောင်တစ်ခုသို့သွားရန် မျိုးဇော်ထွေး၏အိမ်တွင် တည်းခိုနေစဉ် လွန်ကျုးလွန်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ မျိုးဇော်ထွေးသည် ပခုက္ကူ လူမှုကူညီရေးအသင်း တစ်ခုတွင် အဖွဲ့ဝင်တစ်ဦးဖြစ်ကာ ယခင်က အိမ်ထောင်ရှိခဲ့သူဖြစ်ပြီး ယခုကျုးလွန်ခံရတဲ့ အမျိုးသမီးနှင့် သမီးရည်းစားကာလ လေးလသာရှိသေးကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ပခုက္ကူမြို့မရဲစခန်းမှ သိရသည်။

အဆိုပါ ကိစ္စရပ်သည် ပြည်ထဲရေးဝန်ကြီးဌာနမှ တဆင့် ရဲချုပ်ရုံးအား တိုက်ရိုက်ညွန်ကြားခြင်း ဖြစ်သည်ဟု သိရသည်။

"ပခုက္ကူရဲစခန်းကို ဒုတိယ ရဲချုပ်ကနေ တိုက်ရိုက်အမိန့်ပေးစေခိုင်းတယ်။ ပခုက္ကူ ရွှေချောင်းအရပ်မှာ ကောင်မလေးတစ်ယောက် အတင်းဖမ်းဆီးချုပ်နှောင်ခံထားရတယ် ဆိုပြီး လိပ်စာအတိအကျနဲ့ ညွန်ကြားတယ်။ အဲ့ဒီမှာ အတင်းအဖမ်းခံထားရတဲ့ ကောက်မလေးတစ်ယောက်က စင်ကာပူကို အီးမေးလ် ပို့အကူ အကူအညီတောင်းတယ် ။ အဲ့ဒီကနေ ပြည်ထဲရေးကို အကူအညီတောင်းလို့ ရဲချုပ်ရုံးက ညွန်ကြားတာ" အမည်မဖော်လိုသူတစ်ဦးက ဆိုသည်။

အမှုဖြစ်စဉ်တွင် သက်သေအဖြစ် ပခုက္ကူ မဘသ ဆရာတော်များနှင့် အမျိုးသားရေး ကွန်ယက်၏ အဖွဲ့ဝင်အချို့ပါဝင်ခဲ့ပြီး ကနဦးတိုင်ချက်များအရ အလိုမတူဘဲ ဖမ်းဆီးထားသည့် အခြေအနေမရှိ သိရသည်ဟု ပခုက္ကူသတင်းထောက်မှ ပေးပို့သည်။

လက်ရှိအနေဖြင့် ကိုမျိုးဇော်ထွေးနှင့်ပတ်သက်၍ ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ပါတီဝင်မဟုတ်ဟု ထုတ်ပြန်ထားပြီး  ပခုက္ကူမြို့မ ရဲစခန်းမှ (ပ)၂၁၇/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required