နိုက်ဂျီးရီးယားတွင် မန်ယူပွဲကြည့်နေရင်း ဓာတ်ကြိုးပြတ်ကျလို့ ပရိသတ် ၃၀ နီးပါး သေဆုံး

နိုက်ဂျီးရီးယားတွင် မန်ယူပွဲကြည့်နေရင်း ဓာတ်ကြိုးပြတ်ကျလို့ ပရိသတ် ၃၀ နီးပါး သေဆုံး

ဧပြီ ၂၂၊ နိုက်ဂျီးရီးယား ။           ။ နိုက်ဂျီးရီးယားနိုင်ငံတွင် မန်ယူပွဲကို ကြည့်ရှုနေသည့် ပရိသတ်များပေါ်သို့ ဓာတ်ကြိုးပြတ်ကျခဲ့သည့်အတွက် လူ ၃၀ နီးပါးသေဆုံးခဲ့ရသည်။

နိုက်ဂျီးရီးယားနိုင်ငံတောင်ပိုင်းရှိ ကာလာဘာမြို့တွင် မန်ယူအသင်းပရိသတ်များသည် ဘောလုံးပွဲပြသသည့်ရုံအတွင်း အခကြေးငွေပေးကာ စုဝေးကြည့်ရှုခဲ့ကြခြင်းဖြစ်သည်။ ပွဲချိန် ၃၈ မိနစ်၌ အဆိုပါအဆောက်အဦအပေါ်သို့ ဓာတ်ကြိုးပြတ်ကျရာ လူပေါင်းများစွာထိခိုက်ဒဏ်ရာရစေခဲ့ပြီး လူ ၃၀ ဦးကို အသက်ဆုံးရှုံးစေခဲ့သည်။

တာဝန်ရှိသည့်ရဲအရာရှိတစ်ဦးက ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အနည်းဆုံး ရ ဦးသေဆုံးသည်ဟု အတည်ပြုခဲ့ပြီး ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ၎င်းအားဆေးရုံသို့မခေါ်ဆောင်သွားမီအထိ အလောင်း ၈ လောင်းတွေ့ရှိကြောင်းဆိုသည်။

ပြည်တွင်းသတင်းစာများကလည်း သေဆုံးသူအရေအတွက်ကို အမျိုးမျိုးဖော်ပြလျက်ရှိနေကြပြီး ဗြိတိန်အခြေစိုက် The Sun သတင်းစာက ၃၀ ဦးနှင့်အထက် သေဆုံးသည်ဟု ရေးသားခဲ့သည်။

မန်ယူအသင်းနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)တို့က အသက်ဆုံးရှုံးခဲ့ရသူများအတွက် များစွာဝမ်းနည်းရကြောင်း ထုတ်ပြန်ကြေညာခဲ့ကြသည်။

အဆိုပါဘောလုံးပွဲရုံမှာ ဥရောပဘောလုံးပွဲစဉ်များကို ပုံမှန်ပြသသည့်နေရာဖြစ်ကြောင်း သိရှိရသည်။

ရည်ညွှန်း သည်ဆန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required