မြန်မာအမျိုးသမီးအသင်း မန္တလေးမြို့ တွင်ရောက်ရှိလေ့ကျင့်နေ

မြန်မာအမျိုးသမီးအသင်း မန္တလေးမြို့ တွင်ရောက်ရှိလေ့ကျင့်နေ
အိုလံပစ်ခြေစစ်ပွဲအတွက် လေ့ကျင့်မှုပြုလုပ်နေသော မြန််မာအမျိုးသမီးအသင်း။

ဇူလိုင် ၃၀၊ ရန်ကုန် ။        ။ ၂၀၁၆ ဘရာဇီးအိုလံပစ်ခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်များယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းသည် ဇူလိုင် ၂၇ရက်မှစတင်ကာ ပြိုင်ပွဲကျင်းပမည့် မန္တလေးမြို့ သို့သွားရောက်နေထိုင်လေ့ကျင့် မှုများပြုလုပ်နေသည်။

မြန်မာအမျိုးသမီးအသင်းမှာ အိုလံပစ်ခြေစစ်ပွဲဒုတိယအဆင့်တွင် ဗီယက်နမ်၊ ဂျော်ဒန်၊ တရုတ်တိုင်ပေ၊ ထိုင်းအသင်းများနှင့်ကစားရမည်ဖြစ်ပြီး ခြေစစ်ပွဲစဉ်များကို မန္တလေးမြို့၊မန္တလာသီရိကွင်းတွင် ကျင်းပ မည်ဖြစ်သည်။

“အသင်းက မန္တလေးမှာ နှစ်ပတ်ကျင့်ပါမယ်။ ပြီးရင် လေ့ကျင့်ခြေစမ်းဖို့အတွက် တရုတ်နိုင်ငံကို သွားပါမယ်။ တရုတ်နိုင်ငံမှာ ခြေစမ်းပွဲ သုံးပွဲလောက်ကစားဖို့ ချိတ်ထားပါတယ်။”ဟု မြန်မာအမျိုးသမီးအသင်း မန်နေဂျာ ဒေါ်မြတ်မြတ်ဦးက ပြောသည်။

မြန်မာအမျိုသမီးအသင်းမှာ အိုလံပစ်ခြေစစ်ပွဲပထမအဆင့်တွင် သီရိလင်္ကာအသင်းကို ၁၆-၀ ဂိုး၊ အိန္ဒိယအသင်းကို ၇-၀ ဂိုးတို့ဖြင့် ဂိုးပြတ်အနိုင်ရခဲ့ကာ ဒုတိယအဆင့်သို့တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required