မန္တလေး IC Show ပရိတ်များနှင့် အချင်းပွားကာ ရှိုးပွဲပျက်ခဲ့

မန္တလေး IC Show ပရိတ်များနှင့် အချင်းပွားကာ ရှိုးပွဲပျက်ခဲ့

မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတွင် ဖျော်ဖြေနေသည့် Iron Cross (IC) Show ပွဲတွင် ပရိတ်သတ်က သီချင်းတောင်းဆိုရာကနေစပြီး ပရိတ်သတ်များနှင့် အချင်းများကာ သင်္ကြန်အကြတ်နေ့က ရှိုးပွဲပျက်ခဲ့ရသည်။

IC အဖွဲ့သည် မန္တလေးမြို့၊ ကျံုးမြောက်ဘက်၊ ရတနာပုံတရိစ္ဆာန်ဥယျာဉ်ရှေ့တွင် ဧပြီ ၁၄ ရက်ကစတင် ဖျော်ဖြေလျက်ရှိရာ ဧပြီ ၁၅ ရက် ညနေ ၃ နာရီကျော်တွင် ယခုလို ပြဿနာဖြစ်ပွားခြင်းဖြစ်သည်။

မျက်မြင်များ၏ ပြောစကားအရ သီချင်းတောင်းရာမှ ပြဿနာ စတင်ဖြစ်ကြောင်းသိရသည်။

IC Show ပွဲ စတိတ်စင်အနီး လုံခြံုရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များကမူ ယနေ့ညနေ အခြေအနေအပေါ် တစ်စုံတစ်ရာပြောဆိုခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required